မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်ဦးက “Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries” ဆောင်းပါးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသောဆုပေးပွဲတွင် Best Public Impact Award(လူမှုအကျိုးပြုထူးချွန်)ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲအား မဲခေါင်-လန်ချန်းဒေသတွင်း(၆)နိုင်ငံမှ ပြိုင် ပွဲဝင်(၂၀)ဦးကျော်က Best Journalism Award for Fighting Fake News ၊ Best Fact-Checking and Verification Content Award ၊ Best Creative Content Award ၊ Best Public Impact Awards နှင့် Responsible Media Practice Award ဆုများအတွက် ယှဉ်ပြိုင်ခဲ့ကြသည်။
