Monday, May 25, 2026

လွိုင်ကော်တွင် AYA bank ၏...

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌...

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...
HomeMoviesမဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊...

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊ သတိပေးချက်အဆင့် (၀) သို့ လျှော့ချ

အာဆီယံဒေသတွင်း နိုင်ငံများကြား နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုပြဿနာမှာ လက်ရှိတွင် စိုးရိမ်ရသည့်အခြေအနေမှ လျော့နည်းသွားပြီဖြစ်ပြီး မဲခေါင်ဒေသခွဲ၏ ခြောက်သွေ့ရာသီကာလလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASMC) က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်ကို မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက ပြန်လည်အသိပေးထားခြင်းဖြစ်သည်။

ASMC ၏ ထုတ်ပြန်ချက်အရ မဲခေါင်ဒေသခွဲတွင် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း စိုစွတ်သည့် ရာသီဥတုအခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောမီးလောင်ကျွမ်းမှုများနှင့် Fire Hotspot များ သိသိသာသာ လျော့နည်းသွားခဲ့ကာ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလည်း ကျဆင်းခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေအနေကောင်းမွန်လာမှုကြောင့် ASMC သည် မဲခေါင်ဒေသခွဲအတွက် မီးခိုးမြူငွေ့သတိပေးချက်အဆင့်ကို မေ ၇ ရက်တွင် အဆင့် (၂) မှ အဆင့် (၁) သို့ လျှော့ချခဲ့ပြီး၊ မေ ၁၄ ရက်တွင် ခြောက်သွေ့ရာသီ ကုန်ဆုံးပြီဖြစ်သဖြင့် အဆင့် (၁) မှ အဆင့် (၀) သို့ ထပ်မံလျှော့ချ သတ်မှတ်ခဲ့သည်။

ထို့ပြင် လာမည့်လများတွင် မုတ်သုံကြားကာလမှ အနောက်တောင်မုတ်သုံရာသီသို့ ကူးပြောင်းမည်ဖြစ်သဖြင့် မဲခေါင်ဒေသခွဲတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေ ၁၆ ရက်အထိ Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်မှာ ၂၀၂၅ ခုနှစ် ကာလတူထက် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း အဆိုးရွားဆုံးဖြစ်ခဲ့သည့် ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်တွင် AYA bank ၏ ဝန်ဆောင်မှုများ ပြန်အသုံးပြုနိုင်ပြီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌ အမှတ် (ရှမ်း-၃၅)၊ လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ၌ လွိုင်ကော်မြို့သည် ပြန်လည်စည်ကားလျက်ရှိပြီး စစ်ရှောင်နေရသည့် ပြည်သူများလည်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကာ အစိုးရယန္တရားအပြည့်အဝလည်ပတ်လျက်ရှိနေပြီလည်း ဖြစ်သည်။

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး ‌ေ-သဆုံး (၄) ဦး ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါသော ကိုယ်ပိုင်ယာဥ်သည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက်တိမ်းမှောက်ခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမိရ) ဒ-ဏ်ရာများရရှိခဲ့၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071