စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅ – ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ် လေလံရောင်းချပွဲကို ဇန်နဝါရီလ (၂၇)ရက် နံနက် (၁၀)နာရီအချိန်က မော်လိုက်မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အရပ်ရပ်အခွင့်အရေး လိုင်စင်(၁၇)မျိုးကို ဈေးပြိုင်စနစ်ဖြင့် လေလံဆွဲခဲ့ကြရာ လေလံဆွဲသူ(၁၉)ဦးတို့က အသီးသီးလေလံဆွဲခဲ့ကြောင်း သိရသည်။
လေလံပွဲတွင် မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မော်လိုက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲမင်းဇော်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မော်လိုက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန မြို့နယ်ဦးမှူးက သားသတ်ခေါင်းခွန်ကောက်လိုင်စင်ကိစ္စနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မော်လိုက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင် အရာရှိ ဦးဇော်ဇော်ထွန်းက အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံဆွဲရာတွင်လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။