မော်လမြိုင်၊ သြဂုတ်-၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းအမှိုက်ကျင်းဧရိယာအတွင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝမြေဩဇာ (Waste to Compost) စက်ရုံ တည်ဆောက်ထုတ်လုပ်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖိတ်ခေါ်ထားသည်။
အဆိုပါ လျှောက်လွှာများကို လာမည့် ဩဂုတ် (၃) ရက်မှ (၁၄) ရက်အထိ ရုံးချိန်အတွင်း ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ပြီး၊ ဩဂုတ် (၁၉) ရက် ညနေ ၄:၃၀ နာရီ နောက်ဆုံးထား၍ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ ကျိုက္ခမီလမ်းရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာ ဖိတ်ခေါ်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ယှဉ်ပြိုင်သည့် ကုမ္ပဏီမှလွဲ၍ အခြားသူများကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန် သဘောတူညီချက်ဖြင့် လျှောက်လွှာ ရောင်းချပေးမည်ဖြစ်ပြီး၊ အဆိုပြုလွှာ ဖွင့်လှစ်မည့်ရက်ကို ထပ်မံ အကြောင်းကြားသွားမည်ဟု ဖော်ပြထားသည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး သို့မဟုတ် ဖုန်းနံပါတ် ၀၉-၅၂၃၂၂၅၂၊ ၀၉-၄၂၀၇၀၁၉၆၀ နှင့် ၀၉-၇၉၁၇၉၁၃၉၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
