မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က Hijet ယာဉ်တစ်စီးနှင့် ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားစက်ခေါင်းတို့ တို-က်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်သို့ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာသည့် Hijet ယာဉ်သည် ရထားသံလမ်းဖြတ်ကူးနေစဉ် ရထားစက်ခေါင်းနှင့် တို-က်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများ ရရှိခဲ့သည်။
ထိခိုက်ဒ-ဏ်ရာရရှိသူအား ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖြစ်စဉ်နေရာသို့ လာရောက်ကြည့်ရှုခဲ့သည့် သီလရှင်ကျောင်းမှ ဆရာလေးများအနက် ဆရာလေးတစ်ဦးမှာ ယာဉ်မောင်း၏ ဒ-ဏ်ရာများကို တွေ့မြင်ပြီး မူးမေ့သွားသဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့က သီလရှင်ဆရာလေးများ လိုက်ပါလာသည့် Hijet ယာဉ် မဟုတ်ဘဲ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာသည့် Hijet ယာဉ်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
အဆိုပါ ယာဉ်တို-က်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
