Sunday, June 28, 2026

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက်...

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန်...

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို...

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန်...

တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှု ဒုဝန်ကြီး...

ပြည်သူနှင့် ထိတွေ့ဆက်ဆံရာတွင် နိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် မှာကြား ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများ ပြန်လည်ရောက်ရှိ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို...
HomeMoviesရန်ကုန်တိုင်းရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများအား...

ရန်ကုန်တိုင်းရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများအား မြေကွက်ချထားပေးရေး အစီအစဉ်ရှိ/မရှိ ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမည်

မနက်ဖြန် ဇွန် ၂၉ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)၌ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော နိုင်ငံ့ဝန်ထမ်းများအား မြေကွက်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက မေးမြန်းသွားမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်းများအတွက် မြေကွက်ချထားပေးရေး အစီအစဉ်များရှိ/မရှိကို တိုင်းဒေသကြီးအစိုးရထံ မေးမြန်းသွားမည်ဖြစ်သည်။

ထို့ပြင် တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်စုစုမင်း၊ လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအောင်မျိုးနိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်စန်းစန်းဝင်း၊ ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ဝင်းထူး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခိုင်ဆုရည်ဇော်၊ အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ခိုင်ဦးနှင့် တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်းအောင်တို့ကလည်း သက်ဆိုင်ရာကဏ္ဍများနှင့်ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက လွှတ်တော်အတွင်း ပြန်လည်ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက် (၅၁)ဦးအောင်မြင်

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန် ၂၈ ရက်တွင်ထွက်ရှိသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာ ရင်းတွင် ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၅၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများအနက် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦးရှိခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အခက်အခဲရှိ သဘင်မိသားစုဝင် ကျောင်းသား/သူများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ပညာသင်ဆုချီးမြှင့်မည်

မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်သည် သဘင်မိသားစုဝင် သားသမီးများ၏ ပညာရေးအောင်မြင်မှုကို ဂုဏ်ပြုအားပေးရန်နှင့် ပညာရေးဆက်လက်သင်ယူရန် အခက်အခဲကြုံတွေ့နေရသူများအား ထောက်ပံ့ကူညီပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက်စစ်မှန်ကြောင်း အထောက်အထား၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ပြထားသော တင်ပြချက်တို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071