Tuesday, April 29, 2025

တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား (၆၃,၀၀၀)...

ငလျင်ကြောင့် အဖြေလွှာမီးလေ-ာင်သွား၍ တက္ကသိုလ်ဝင်စာ မေးပွဲပြန်ကျင်းပရာတွင် ပြန်လည်ဖြေဆိုမည့်ကျောင်း သား (၆၃,၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၂၀၀) နီးပါး...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...
HomeNewsLocal Newsမော်လမြိုင်တွင် အမျိုး သမီးတစ်ဦး...

မော်လမြိုင်တွင် အမျိုး သမီးတစ်ဦး သံလွင်မြစ်အတွင်း သို့ ခုန်ချ ၊ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ ဒီဇင်ဘာ (၂၁) ရ က် ညဦးပိုင်းက အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ည (၇) နာရီ ဝန်းကျင်တွင် မော်လမြိုင်မြို့ ၊ ကမ်း နား လမ်းရှိ သံလွင်ဈေး ဘောတံတားပေါ်မှ အမျိုးသမီး တစ်ဦး မြစ်အတွင်း ခုန်ချသွားခြင်း ဖြစ်ကြောင်း ကယ်ဆ ယ်ရေးအဖွဲ့များထံမှ သိရသည်။

ယင်းကဲ့သို့ မြစ်အတွင်း ခုန်ချသွားသူမှာ အသက် (၃၃) နှ စ်အရွယ်ရှိ မငယ်ငယ်ဆိုသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Diving Team နှင့် မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ များမှ သံလွင်မြစ်အတွင်း ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ရ‌ေကြာင်း သိရသည်။

ယင်းကဲ့သို့ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ ည (၇) နာရီခွဲ ဝန်းကျင်တွင် မြစ်အတွင်း ခုန်ချခဲ့သူ အမျိုးသ မီးအား အသက်ရှင်လျှက် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြော င်း အခင်းဖြစ်ပွားရာ မြေပြင်သို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးထံမှ သိရသည်။

” ဟုတ်တယ်။ (၇) နာရီလောက်က ခုန်ချသွားတာ။ ကယ်ဆ ယ်ရေးအဖွဲ့တွေ ဝိုင်းရှာတော့ တံတားတိုင်ကို ဖက်ထားတာ တွေ့ပြီး ကယ်လိုက်နိုင်တာ။ (၇) ခွဲလောက်မှာပေါ့။ ဘယ်မှာ နေတာလဲတော့ မသိသေးဘူး ပြောတယ် ။ အခုတော့ ဆေးရုံမှာ ပို့လိုက်ကြတယ်လေ ” ဟု ၎င်းက ဆိုသ ည်။

အဆိုပါ အမျိုးသမီး မြစ်အတွင်းခုန်ချသွားသည်ကို အခ င်း ဖြစ်နေရာအနီး၌ ၎င်း၏ ဖိနပ်ကိုတွေ့ရှိရာမှ သတိထားမိခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဆင်သည့် မျက်မှန်တစ်လက်ကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ/ Source  – ဇင်မိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား (၆၃,၀၀၀) ကျော်ရှိ

ငလျင်ကြောင့် အဖြေလွှာမီးလေ-ာင်သွား၍ တက္ကသိုလ်ဝင်စာ မေးပွဲပြန်ကျင်းပရာတွင် ပြန်လည်ဖြေဆိုမည့်ကျောင်း သား (၆၃,၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၂၀၀) နီးပါး စီစဉ်ထားပြီး ယခင်မတ်လကဖြေဆိုခဲ့သည့် အောင်စာရင်းနှင့် ယခုဖြေဆိုမည့်အောင်စာရင်းကို တပြိုင်တည်းကြေညာမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့က ဖြေဆိုထားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပါသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါဒေသများအနေဖြင့် ၂၀၂၅ ခုနှစ်တက္က သိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆)ရက်...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများကို အဆင့်အလိုက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန် အဆင့်အလိုက် စနစ်တကျဆော င်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များ ချမှတ်ပြီး...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071