နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ရောက်ရှိနေစဥ် ယနေ့ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းက မော်လမြိုင်ကမ်းနားလမ်းရှိ ညဈေးတန်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒေသရိုးရာအစားအသောက်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ယာယီသမ္မတမှကြည့်ရှုပြီးနောက် ဈေးရောင်းချနေသူများနှင့် လာရောက်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကမ်းနားလမ်းမြစ်ကမ်းဘက်ခြမ်း၌ အားကစားပြုလုပ်ရန်နှင့် အပန်းဖြေရန်နေရာများပြုလုပ်ရန်နှင့် လမ်းအဆင့်မြှင့်တင်ရန်၊ ကမ်းနားလမ်းတစ်လျှောက်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
