မော်ဒယ် သရုပ်ဆောင်ပိုင်တံခွန်ကို ၅၀၅(က)ဖြင့် အလုပ်နဲ့ထောင်ဒဏ် ၃နှစ်ချမှတ်
ပြီးခဲ့တဲ့ ဧပြီ၈ရက်မနက်ပိုင်းကတည်းက စပြီး ရန်ကုန်အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ မော်ဒယ် သရုပ်ဆောင်ပိုင်တံခွန်ကို ဒီကနေ့ ဒီဇင်ဘာ၂၇ရက်မှာ အင်းစိန်အထူးတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃နှစ်ကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပြပါတယ်။
သရုပ်ဆောင်ပိုင်တံခွန်ကို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တဲ့အကြောင်း ကြေညာပြီးနောက် ဧပြီလ ၈ရက်နေ့ မနက်အစောပိုင်းမှာ မြောက်ဒဂုံကနေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
“ကျန်းမာရေးအခြေအနေ က ကောင်းမွန်ပါတယ်”လို့ ရှေ့နေတွေကပြောပါတယ်။
ချုပ်ရက်တွေကိုထုတ်နှုတ်ခံစားခွင့်လည်းရရှိခဲ့တယ်လို့သိရပါတယ်။
“ဆန္ဒပြတဲ့ ဓါတ်ပုံကိုပြပြီးတော့ ဆန္ဒပြတဲ့ထဲမှာပါလား။ပါတယ်လိုပိုင်တံခွန်က ဖြေတော့ အဲ့ဒီ့အမိန့်ကိုချလိုက်တာ”လို့ ရှေ့နေကပြောပြပါတယ်။