Saturday, June 6, 2026

အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အီရန်အမျိုးသားဘောလုံးအသင်း ကစားသမားများအတွက် အမေရိကန်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့်...

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏...

ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အ သက်ကယ်အင်္ကျီ (၅၀၀)လှူဒါန်း

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ရန်ကုန်မြစ်ကူးခရီးသည်တင်သမ္ဗာန်များအတွက် အသက် ကယ်အင်္ကျီ (၅၀၀)ကို ယနေ့ ဇွန် ၆ ရက်က ရန်ကုန်တိုင်း ၊ ကျောက်တံတားမြို့နယ်ရှိ...
HomeMoviesမေလအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့်...

မေလအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဈေးကွက်ဖြန့်ကြက်ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၃၀,၀၀၀ (၁ သိန်း ၃ သောင်း) ကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ထုတ်ပြန်ချက်စာရင်းဇယားများအရ သိရသည်။

ယခုကဲ့သို့ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာပြီး ကုန်ပစ္စည်းအမြောက်အမြား သယ်ယူနိုင်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းကို အဓိကအားပြု၍ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆန် တင်ပို့မှု: စုစုပေါင်း တန်ချိန် ၅၇,၈၅၈ တန်
ဆန်ကွဲ တင်ပို့မှု: စုစုပေါင်း တန်ချိန် ၇၈,၄၀၄ တန်

ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့ဆန် ဖြန့်ကြက်နိုင်မှု အခြေအနေ

မြန်မာ့ဆန်နှင့် ဆန်ကွဲများကို အာရှဒေသတွင်းနိုင်ငံများသာမက ဥရောပ၊ အာဖရိကနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများအထိပါ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ခဲ့သည်။

ဆန်တင်ပို့သည့် နိုင်ငံများမှာ

မဒါဂတ်စကာ၊ တရုတ်၊ စပိန်၊ ဖိလစ်ပိုင်၊ ပိုလန် အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော် သို့ တင်ပို့နိုင်ခဲ့သည်။

ဆန်ကွဲတင်ပို့သည့် နိုင်ငံများမှာ

တရုတ်နိုင်ငံသို့ တန်ချိန် ၄၀,၆၈၉ တန် ဖြင့် အများဆုံး တင်ပို့ခဲ့ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်နှင့် စပိန် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ သို့ ဖြန့်ကြက် တင်ပို့နိုင်ခဲ့သည်။

ပြည်ပက အဝယ်လိုက်နေသည့် မြန်မာ့ဆန်အမျိုးအစားများမှာ

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာ၌ ပြည်တွင်း၌ အထွက်နှုန်းကောင်းမွန်သည့် ဆန်ကြမ်းအမျိုးအစားများကို အဓိကထား တင်ပို့နေရသလို၊ မြန်မာ့အဆင့်မြင့် ပေါ်ဆန်းမွှေးဆန်များကိုလည်း တင်ပို့လျက်ရှိသည်။

အဓိက တင်ပို့နေသည့် ဆန်အမျိုးအစားများမှာ
ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း နှင့် ပေါ်ဆန်းဆန်တို့ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အီရန်အမျိုးသားဘောလုံးအသင်း ကစားသမားများအတွက် အမေရိကန်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ အီရန်အသင်း သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဗီဇာထုတ်ပေးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ် ဘားရက်ခ်က ဗီဇာထုတ်ပေးထားမှုကို အတည်ပြုခဲ့ပြီး အားကစားသည် နိုင်ငံရေးနှင့် နယ်နိမိတ်ကန့်သတ်ချက်များကို ကျော်လွန်သည့် ပေါင်းကူးတံတားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာန၏ ဖော်ပြချက်အရ အသင်း၏ နည်းပြအဖွဲ့နှင့် စီမံခန့်ခွဲရေးဝန်ထမ်းအချို့မှာ ဗီဇာရရှိခြင်းမရှိသေးကြောင်း...

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့အထွေထွေပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ငူပြည်သူ့ဆေးရုံကြီး၌ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်များတွင် တက်ရောက်ကုသနေသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ကုသစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆေးရုံအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုပစ္စည်းများကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံဝန်းကျင်...

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားသွားမည်

      သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၈ ရက်နေ့မှစ၍ မြောက်ကိုရီးယားသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းသည် ၎င်း၏ တစ်ခုတည်းသော တရားဝင် စာချုပ်မဟာမိတ်ဖြစ်သည့် ပြုံယမ်းနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ခုနစ်နှစ်နီးပါးအတွင်း ရှီ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။       ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ စလုံးက စိုးရိမ် သောကိစ္စရပ်များအပေါ် အမြင်ခြင်းဖလှယ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။      “နှစ်ဖက်စလုံးက ဒီခရီးစဉ်ကို ခေတ်ကာလနဲ့ လျော်ညီစွာ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071