Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeNewsLocal Newsမရွှေထား ကွက်သစ်

မရွှေထား ကွက်သစ်

မိုးရာသီရောက်လျှင် ပဲခူးတိုင်း ဒေသကြီးရှိကျေးရွာအချို့သည် သဘာဝဘေးဒဏ်ရေဘေးသင့်သည် မှာ နှစ်စဉ်လိုပင်ဖြစ်သည်။ ပျက်စီးမှု အနည်းနှင့်အများသာ ကွာပေသည်။ ယခုနှစ် မိုးကောင်းလွန်းလှသဖြင့် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပန်းတောင်းမြို့နယ်၊ မြစိမ်းကျွန်း ကျေးရွာ ကမ်းပြိုကာ ၉၂ အိမ် ထောင်စု အိုးမဲ့အိမ်မဲ့ဖြစ်ကြရရှာ သည်။

ပြည်မြို့အခြေစိုက် မရွှေထား ပရဟိတအဖွဲ့သည် နှစ်စဉ် ရေဘေး ဒုက္ခသည်များအတွက် စွမ်းအားရှိ သမျှ စီစဉ်ကူညီထောက်ပံ့ခဲ့သည့် အစဉ်အလာမပျက် ရန်ကုန်မြို့ အခြေစိုက်၊ ရန်ကုန်မြတ်ကုသိုလ် လူ မှုကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက် စသည့်စားသောက်ကုန်များကို ယင်း မြစိမ်းကျွန်းကျေးရွာ အိုးမဲ့အိမ်မဲ့ အိမ် ထောင်စုများအတွက် ပေးပို့လှူဒါန်း ခဲ့သည်။

မရှေးမနှောင်းပင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုတိကျေးရွာ၊ ရွှေပန်းတောကျေးရွာတို့သည်လည်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိမ်ထောင်စု ၄၄ စုတို့၏ နေအိမ်များ ရေမျောပါခဲ့ကြရရှာသည်။ ဆည် မြောင်းဌာနမှ စီစဉ်ပေးသည့် တာ ပေါင်ပေါ်တွင် ယာယီတဲများထိုး၍ နေကြရရှာသည်။ မြစိမ်းကျွန်းကျေးရွာ အနေအထားအရ ရေတိုက်စားမှု ကင်းရာသို့ ချက်ချင်းရွှေ့ပြောင်းနေရာ ချထားပေးနိုင်သော်လည်း ရွှေပန်း တောကျေးရွာသည် ပြောင်းရွှေ့နေ ရာချထားပေးရန်မလွယ်ကူပေ။ စိုက် ပျိုးမြေများ၊ လယ်ယာသုံးစွဲခွင့်နှင့် အ ခြားသုံးစွဲခွင့်ရှိ မြေယာများသာဖြစ် ပြီး ပိုင်ရှင်အသီးသီးရှိနေကြသည်။

မရွှေထား ပရဟိတအဖွဲ့သည် ကွင်းဆင်းလေ့လာသည့်အခါ ဧရာဝ တီမြစ်ရေသည် ရွှေပန်းတောကျေး ရွာ အလယ်လမ်းများထိ တိုက်စား သွားသည်။ ထို့ကြောင့် ရွာအတွင်း မြေနေရာချထားပေးရန် အခက်အ ခဲရှိနေသည်ကို တွေ့ရှိကြရသည်။ သို့ဖြစ်၍ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များသို့ ညှိနှိုင်းတင်ပြကာ မြေ နေရာသစ်ရှာကြသည်။ ကမ်းပြိုနေ ရာနှင့် တစ်မိုင်ခန့်အကွာရှိ လယ်ယာ သုံးစွဲခွင့်နှင့် အခြားသုံးစွဲခွင့်ရှိ မြေ ကွက်ကို တွေ့ရှိကြသည်။ မြေကွက် သည် နှစ်ဧကခွဲကျယ်ဝန်း၍ ပိုင်ရှင် သုံးဦးရှိနေသည်။ ယင်းမြေ ကွက်တွင် ပြန်လည်နေရာချထားရန် အသင့်ဆုံး ဟု ဆုံးဖြတ်ကြပြီး ပိုင်ရှင်များနှင့် အရောင်းအဝယ်ညှိနှိုင်းရာ ကျပ် ၃၅၅ဝဝဝဝ နှင့် သဘောတူညီ မှုရရှိ ကြသည်။

မရွှေထား ပရဟိတအဖွဲ့၏ လက်ဝယ်၌ မိဘများ မတည်ပေး သည့် ကျပ်ငါးသိန်းရှိနေပြီဖြစ်၍လို ငွေကို အလှူရှင်များရှာကြရတော့ သည်။ မရွှေထား ပရဟိတအဖွဲ့ကို င်္ခေနဘသသု မှတစ်ဆင့် အားပေး လျက်ရှိကြသော အလှူရှင်များ၊ နီး စပ်ရာ မိတ်ဆွေအလှူရှင်များထံ ဆက်သွယ်အသိပေးကာ ၂ဝ၁၇ခုနှစ်၊ စက်တင်ဘာလမှ စတင်လှုပ်ရှားကြ သည်။ ရပ်ဝေးရပ်နီး သဒ္ဓါကြည်လင် ပါရမီရှင်၊ ရဟန်း၊ ရှင်လူအပေါင်းတို့ အား တက်သရော ပါဝင်ကူညီလှူ ဒါန်းမှုကြောင့် တစ်လအတွင်းမှာပင် လိုအပ်ငွေပမာဏ လက်ခံရရှိကြ သည်။

တစ်ချိန်တည်းမှာပင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ဖြင့် တိုင်းအုပ်ချုပ်ရေးမှူးထံသို့ မြေ ကွက်ဝယ်ယူရေး၊ မြေနေရာချထား ရေး ခွင့်ပြုချက်ရရှိရေးဆောင်ရွက် ကြသည်။ ခွင့်ပြုချက်ရရှိပြီးသည်နှင့် မညီမညာဖြစ်နေသော မြေနေရာများ ကို မြေဖို့ကြသည်။ မြေကားတစ်စီးလျှင် ကျပ် ၂၈ဝဝဝ နှင့် အစီး ၂ဝ ဖို့ညှိခဲ့ရ သည်။ ယင်းနောက်မြို့နယ် မြေတိုင်း ဦးစီး၏ ကြီးကြပ်မှုဖြင့်ဝယ်ယူထား သည့် မြေကွက်ပေါ်တွင် လမ်း နှစ်လမ်းပါသည့် (၂၇ ပေ ထ ၄ဝ ပေ)အကျယ်အဝန်းရှိ မြေကွက် ၄၄ ကွက် ကို အကွက်ရိုက်ကြသည်။

၂၅.၁၁.၂ဝ၁၇ ရက်နေ့တွင် ဖော်ပြပါအိမ်ထောင်စု ၄၄စုတို့အား ဒေသအာဏာပိုင်အဖွဲ့၏ရှေ့မှောက် တွင် မဲဖောက်နေရာချထားပေးပြီး မြေပိုင်ဆိုင်ခွင့် စာချုပ်များ ချုပ်ဆို အပ်နှံခဲ့သည်။ ထို့အပြင် သံဃာတော် ၁၅ ပါး ပင့်ဖိတ်ကာ မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်ပြီး သံဃာတော်များ ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။

အိမ်ထောင်စု ၄၄စုတို့အား နေထိုင်ခွင့်ရ မဲပေါက်သည့် မြေကွက် အမှတ်နှင့် ပါမစ်များထုတ်ပေးနေ စဉ်တွင် ”ကျွန်မတို့အိမ်လေးပြိုတော့ အားငယ်ဝမ်းနည်းစိတ်နဲ့ တာပေါင် မှာပဲ ဖြစ်သလိုနေခဲ့ရတယ်။ ခုတော့ မရွှေထားတို့အဖွဲ့ ကျေးဇူးကြောင့် မြေကွက်တစ်ကွက် ပိုင်ခွင့်ရပြီး။ ကျွန်မဘဝ အာမခံချက်ရှိသွားလို့ အရမ်းပျော်မိတယ်”ဟူသော ငိုရှိုက် ဝမ်းနည်းသံနှင့် ပြောဆိုသံကို ကြား မိရသူတို့နှလုံးသားမှာ ထာဝရ တည်တံ့နေမည့် ပီတိစကား သံဖြစ် ပေသည်။

အိမ်ထောင်စု၄၄စုတို့အား မြေ ကွက်ပါမစ်များ လွှဲအပ်ပေးပြီး နောက် သက်ဆိုင်ရာအဖွဲ့အစည်း များ၏ သဘောတူခွင့်ပြုချက်အရ ယင်းအိမ်ထောင်စုများ နေထိုင်မည့် မြေကွက်ကို ‘မရွှေထား ကွက်သစ်’ဟု ဆိုင်းဘုတ်တင်ခဲ့သည်။ ကွက်သစ် ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးညွှန့်ဝေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင် စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။

ကမ်းပြို၍ အိုးမဲ့အိမ်မဲ့ အိမ် ထောင်စု ၄၄စုတို့ သားစဉ်မြေးဆက် မကြောင့်မကြ နေထိုင်နိုင်မည့် မြေကွက်များပိုင်အဖြစ် ရရှိခဲ့ကြပြီ ဖြစ်သည်။ ¤င်းတို့အစီအစဉ်ဖြင့် နေထိုင်ရန် တဲအိမ်များ တည်ဆောက် လျက်ရှိနေပြီဖြစ်သည်။

မရွှေထား ပရဟိတအဖွဲ့နှင့် အတူ စေတနာရှင်များ ကြိုးပမ်းမှု ကြောင့် ကိုယ့်အားကိုယ်ကိုး ‘မရွှေ ထားကွက်သစ်’ ပေါ်ပေါက်ခဲ့ပြီဖြစ် သည်။ ရပ်ကွက်သစ်တွင် လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်မှုနှင့် အတူ ရပ်ကွက်သစ် ထာဝရ တည်တံ့ ရေးကို မရွှေထား ပရဟိတအဖွဲ့နှင့် စေတနာရှင်များကဆက်လက် ကြိုးပမ်းနေကြမည်ကို ယုံကြည်နေ မိပါ၏။

သီသီဝင်း (ပြည်တက္ကသိုလ်)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071