Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeArticlesမနောတိုင်

မနောတိုင်

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်  နေ့သည် ကချင်လူမျိုးများ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်၊ နှစ် ၇ဝ ပြည့် ကချင်ပြည်နယ်နေ့ဖြစ်သည်။

နှစ် ၇ဝ ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို က ချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာ ပူရပ်ကွက်ရှိ မနောကွင်းတွင် စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။  ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့နှင့် ခြောက် ရက်အကြာ ဇန်နဝါရီလ ၁ဝ ရက် နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ခမ်းနားစည် ကားစွာ ကျင်းပခဲ့သည်။ ကချင်ပြည် နယ်နေ့ အထိမ်းအမှတ် အခမ်း အနားကို မြစ်ကြီးနားမြို့ရှိ မနော ကွင်းတွင် မနောအကများနှင့် နှစ် စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ သည်။  ကချင်ရိုးရာ မနောပွဲကျင်းပရာ မနောကွင်း၌ စိုက်ထူထားသည့် မနောတိုင်များ၏ အဓိပ္ပါယ်မှာလေး နက်လှသည်။ မနောတိုင်များနှင့် အတူ မနောတိုင်ရှိ ရုပ်ပုံများသည် လေးနက်သော အဓိပ္ပါယ်ကို ဆောင် နေသည်။  ရှေးအခါက ကချင်လူမျိုးတို့ သည် နတ်ကောင်းနတ်မြတ် ၆ ပါး ကိုပူဇော်ပသပြီး မနောတိုင်များကို စိုက်ထူကာ မနောပွဲကျင်းပလေ့ရှိခဲ့ ကြသည်။

တည့်မတ်စွာ စိုက်ထူထား သော မနောတိုင် ၆ တိုင်သည် အဆိုပါ နတ်မင်းတစ်ပါးစီကို ကိုယ် စားပြု စိုက်ထူထားခြင်းဖြစ်သည်။  တည့်မတ်စွာ စိုက်ထူထားသော မနောတိုင် ၆ တိုင်အနက်၊ မနော တိုင်များ၏ အောက်ခြေရှိ အောက် ချင်းငှက်၏ အမြီးဘက်မှ ရေထွက် သော ပထမတိုင်သည် အလယ်ဗဟိုမှ ၂ တိုင်ထက် ပိုနိမ့်သည်။ ¤င်းတိုင် သည် အစ်မတိုင်ဟုခေါ်သည်။ အဖျားခွက်သည်။ ၄င်းတိုင်သည် Ga Nat (မြေနတ်မင်း)ကို ကိုယ်စားပြု သည်။ ဒုတိယတိုင်သည် အစ်မတိုင် နှင့် အမြင့်ချင်းတူ၍ အဖျားခုံးသည်။ အဖိုတိုင်အငယ်ဟုခေါ်သည်။Mathum Mahta Shalap Gam (မထွမ်မထရှလပ်ဂမ်နတ်မင်း)ကို ကိုယ်စားပြုသည်။ တတိယတိုင် သည် အခြားသောလေးတိုင်ထက် မြင့်ပြီး အဖျားခွက်သည်။ အစ်မ တိုင်အကြီးဟုခေါ်၍ Jan Na (နေနတ်မင်း)ကို ကိုယ်စားပြုသည်။

စတုတ္ထတိုင်သည် တတိယတိုင်နှင့် အမြင့်ချင်းတူပြီး အဖိုတိုင်အကြီးဟု ခေါ်၍ အဖျားခုံးသည်။Shata Nat (လနတ်မင်း)ကို ကိုယ်စားပြုသည်။ ပဉ္စမတိုင်သည် ပထမ၊ ဒုတိယတိုင် များနှင့် အမြင့်ချင်းတူသည်။ အစ်မ တိုင်အငယ်ဟုခေါ်ပြီး အဖျားခွက် သည်။Hta Wa Mahtang Nat (ထဝါမထန်နတ်မင်း)ကို ကိုယ်စားပြု သည်။

ဆဋ္ဌမတိုင်သည် ပဉ္စမတိုင် နှင့် အမြင့်ချင်းတူသည်။ အဖိုတိုင် အငယ်ဟုခေါ်သည်။ အဖျားခုံးသည်။Lamn Madai Nat (လမုမဒိုင်နတ် မင်း)ခေါ် ကောင်းကင်နတ်မင်းကို ကိုယ်စားပြုသည်။  အောက်ချင်းငှက်သည် ယခင် က လူသားတို့၏ မနောပွဲမရှိမီ အချိန်က ငှက်များ၏မနောပွဲကို ဦးစီးဦးဆောင်တာဝန်ယူခဲ့သည်ကို အမှတ်ရစေရန်အတွက် ¤င်းပုံကို  အသုံးပြုထားသည်။

အောက်ချင်း ငှက်ကို ပုံကိုဒုံဗျဲဟုခေါ်သည်။ မနော ပွဲတွင် စည်တော်ကို တီးခတ်ခြင်းဖြင့် ပထဝီမြေကြီးနှင့် နေ၊ လ မိုးနတ်မင်း များကို ဂါရဝပြုခြင်းနှင့် မနုဿလူ သားများ ဥစ္စာဓနပေါကြွယ်ဝစေရန် ဖြစ်သည်။ ယင်းအတိတ်ဖြင့် မနော စည်တော်ပုံကို ထည့်ထားသည်။ ဒုတိ ယတိုင်အောက်ခြေရှိ ကြယ်ပုံသည် သတ္တိ၊ ဗျတ္တိပြည့်စုံခြင်းတို့၊ ကြယ်များ ကဲ့သို့ များပြားခြင်းတို့ အဓိပ္ပါယ် ဆောင်သည်။ နေပုံသည် နေနတ်မင်း ကို ကိုယ်စားပြုပြီး၊ လူသားများအား အေးမြခြင်းနှင့် သာယာစေခြင်း အဓိပ္ပါယ်ဆောင်၍၊ လနတ်မင်းကို ကိုယ်စားပြုပြီး လပုံဖော်ထားသည်။

လူများ၏ မနောပွဲမရှိမီက ငှက်များ ၏ မနောပွဲတွင် Chyau Gawng U ခေါ် ငှက်သည် မောင်းသံကဲ့သို့ မြည်တွန်ပေးခဲ့ခြင်းကို အမှတ်ရစေ ရန် မောင်းပုံကို အသုံးပြုထားသည်။  ထို့အပြင် မနောတိုင်များတွင် မနောကကွက် ကနုတ်ပန်းများကို လည်း အဓိပ္ပါယ်ပြည့်ဝစွာ ထည့်သွင်း ထားသည်။ ကနုတ်ပန်းကွက်များ သည် Kashun Magyi လက်ယာရစ် (ဍ)ရင်ကောက်ပုံဖြစ်သည်။ စည်းလုံး ခြင်းနှင့် ကျစ်လျစ်သိပ်သည်းသော ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည်။

မနောပွဲတွင်Lagoi Lap (ခေါ်) တောင်စဉ်ဖက်နှင့် Laja Lapဟု ခေါ်သော အပင်၏အရွက်ကို ခေါက် ၍ကိုင်ပြီး မနောအကကခဲ့ကြသည့် အစဉ်အလာကို ထိန်းသိမ်းသော အားဖြင့် Shing Jep Maka (ခေါ်) ကနုတ်ပန်းဒီဇိုင်းပုံကိုလည်း ထည့် သွင်းရေးဆွဲထားသည်။ ဓားဖြင့် လုပ်ကိုင်စားသောက်ခြင်း၊ ရန်သူနှင့် သားရဲတိရစ္ဆာန်များဘေးရန်မှ ခုခံကာ ကွယ်ခြင်းဟူသော အဓိပ္ပါယ်ဆောင် ၍ အမြှောက်(ထ)လက္ခဏာပုံသဏ္ဌာန် ပြု ဓားနှစ်လက်ကို ဖော်ပြထားသည်။  အမြှောက်(ထ)လက္ခဏာပုံ သဏ္ဌာန်ရှိ မနောတိုင်၂ စုံကို (Dung Chyai)ဟုခေါ်ပြီး အောက်ချင်းငှက် ၏ ဦးခေါင်းဘက်မှ Duag Chyai တွင် မဒိုင်နတ်မင်းကို ပူဇော်မည့် ကျွဲ ပေါက်ကို ချည်ထားရန်ဖြစ်သည်။ အမြီးဘက်မှ Dung Chyai သည် ပုံ ပန်းသဏ္ဌာန်အလှဆုံး၊ အကြီးဆုံးဖြစ် သည့် ကျောက်ဖရုံသီး(Sut Wa Hkum Si) တစ်လုံးကို ကျွဲချည်သကဲ့ သို့ ချည်နှောင်ထားရန်အသုံးပြု သည်။

၎င်းကျောက်ဖရုံသီး ကို Joi Wa ခေါ် မဒိုင်နတ်ဟော ဆရာက ထောမနာပြု၍ ခွဲလိုက်သောအခါ ထွက်လာသည့်အစေ့များကိုပေးဝေ သည်။ ၄င်းအစေ့ကို စိုက်ပျိုး သူသည် သားသမီးရတနာများ ထွန်းကား၍ ကြီးပွားချမ်းသာလာမည်ဟု ယုံကြည် ကြသည်။  ဤသို့အဓိပ္ပါယ်ပြည့်ဝလှသော ကချင်လူမျိုးတို့၏ စည်းလုံးညီညွတ် မှု၊ မနောတိုင်စိတ်ဓာတ်နှင့် ကချင် ပြည်နယ်တွင်းရှိ တိုင်းရင်းသား ညီ အစ်ကိုမောင်နှမများအားလုံး ထာဝရ စည်းလုံးညီညွတ်မှုဖြင့် ကမ္ဘာတည် သရွေ့ ခိုင်မာသည့်ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ် ဓာတ်နှင့် နိုင်ငံတော်ကြီးကို တည် ဆောက်သွားကြမည်မှာ မလွဲဧကန် ဖြစ်ပေသည်။

   မြတ်မင်းလှိုင်

မှီငြမ်း – ကချင်ရိုးရာ ယဉ်ကျေးမှုဗဟို ကော်မတီ၏ ကချင်ပြည်နယ် ကိုယ်စားပြု အမှတ်အသားများ ရှင်းလင်းချက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071