Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalမူးယစ်ဆေးဝါးအကြောင်းပြ၍ အခွန်စည်းကြပ်မည့် ထရမ့်ပ်ကို...

မူးယစ်ဆေးဝါးအကြောင်းပြ၍ အခွန်စည်းကြပ်မည့် ထရမ့်ပ်ကို တရုတ်နိုင်ငံပိုင်မီဒီယာ တုန့်ပြန်ချေပ

တရုတ်ကုန်စည်များအပေါ် ထပ်တိုးအခွန်ကောက်ခံမှု ချမှတ်မည်ဆိုသည့် အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၆ ရက်တွင် အယ်ဒီတာ့အာ‌ဘော်များမှတဆင့် တုန့်ပြန်ချေပခဲ့ရာ၌ ဖန်တာနိုင်းမူးယစ်ဆေးပြသနာကို အမေရိက,က ဖြေရှင်းရန် ပျက်ကွက်မှုအတွက် သမ္မတဟောင်းသည် တရုတ်ကို အပြစ်ပုံချနေသည်ဟု စွပ်စွဲခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတတာဝန်ထမ်းဆောင်မည့် ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောဆိုခဲ့ရာ၌ တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဆိုခဲ့သည်။ တရုတ်ကုန်စည်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်းကျော် စည်းကြပ်သွားမည်ဟု ယခင်ကလည်း ထရမ့်ပ်က ပြောဆိုထားခဲ့သည်။

အခွန်ခြိမ်းခြောက်မှုကြောင့် အမေရိကသို့ နှစ်စဉ် ကန်ဒေါ်လာ ၄၀၀ ဘီလျံကျော်သော ကုန်ပစ္စည်းများ ရောင်းချနေသည့် တရုတ်စက်မှုကဏ္ဍနှင့် အခြားနေရာများမှ အမေရိကန်များဝယ်ယူနေသည့် နောက်ထပ် ဘီလျံရာနှင့်ချီသော ထုတ်ကုန်အစိတ်အပိုင်းများအတွက် လှုပ်ခတ်မှုဖြစ်စေသည်။

တရုတ်ကွန်မြူနစ်ပါတီ အာဘော်များဖြစ်သော ချိုင်းနားဒေးလီးနှင့် ဂလိုဘယ်တိုင်းမ်တို့၏ အယ်ဒီတာအာဘော်များသည် အခွန်းစည်းကြပ်မှုအတွက် ထရမ့်ပ်ထောက်ပြခဲ့သော ဖန်တနိုင်းဆိုသည့်အကြောင်းပြချက်အပေါ် အလေးပေးတုန့်ပြန်ခဲ့သည်။

“အခြားသူများကို ဓါးစာခံရှာခြင်းဖြင့် အမေရိက၏ မူးယစ်ဆေးအကြပ်အတည်းကို အဆုံးမသတ်နိုင်” ဟူသော ခေါင်းစည်းဖြင့် ချိုင်းနားဒေးလီး အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့ပြီး ဂလိုဘယ်တိုင်းမ်က ထရမ့်ပ်၏ မှတ်ချက်ကြောင့် အမေရိကအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်နေသော တရုတ်၏ စေတနာကို မစော်ကားရန် တိုက်တွန်းခဲ့သည်။

ရွေးကောက်ခံသမ္မတက တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်တိုးအခွန်ကောက်ခံမည့် သူ၏ ခြိမ်းခြောက်မှုအတွက် ပေးခဲ့သော အကြောင်းပြချက်ဆင်ခြေသည် အရမ်းဝေးကွာလွန်းသည်ဟု ချိုင်းနားဒေးလီးက ဆိုသည်။ အမေရိကန်တွင် ဖန်တနိုင်းမူးယစ်ဆေးဝါး အကျပ်အတည်း၏ မူလဇာစ်မြစ်သည် အမေရိကကိုယ်တိုင်ဖြစ်သည်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိမြင်သည်ဟုလည်း ဆိုခဲ့သည်။

အမေရိကသည် အခွန်စည်းကြပ်ခြင်းကို လက်နက်အဖြစ်သုံးကာ စီးပွားရေးနှင့် ကုန်သွယ်ရေးကို နိုင်ငံရေးအသုံးချစရာအဖြစ် ဆက်လုပ်နေပါက အခွန်စစ်ပွဲတွင် အနိုင်ရသူ ရှိမည်မဟုတ်ဘဲ ပတ်သက်သူအားလုံး ထိခိုက်နစ်နာမည်သာဖြစ်သည်ဟု ချိုင်းနားဒေးလီးက သတိပေးခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071