Saturday, June 13, 2026

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက...

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...
HomeArticlesမူးယစ်ဆေးဝါး အန္တရာယ်သတိပြုဖို့ ...

မူးယစ်ဆေးဝါး အန္တရာယ်သတိပြုဖို့ ဘယ်လိုအသိပညာပေးကြမလဲ

drug

လူတစ်ယောက်ရဲ့ဘဝကို လူညွှန့်တုံးအောင် ဖျက်စီးနိုင်စွမ်းရှိတဲ့ အထဲမှာ မူးယစ်ဆေးဝါးကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မှုယစ်ဆေးဝါးကို ရှောင်ကြဉ်ကြရ မှာပါ။ ဒီလိုရှောင်ကြဉ်နိုင်အောင် လည်း မူးယစ်ဆေးဝါးဆိုးကျိုးတွေကို သိရှိနိုင်ဖို့ လူငယ်တွေကို အသိ ပညာပေးမှုတွေလည်း လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် လူငယ်တွေ အနေနဲ့လည်း ဒီလိုအသိပညာပေးမှုတွေကနေတစ်ဆင့် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိရှိပြီး ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်ပါတယ်။

” မကောင်းဘူးဆိုတဲ့ အရာတစ်ခုကို ဘာအတွက်လက်တည့်စမ်းမှာလဲ။ လူငယ်သဘာဝက အသစ်အဆန်းဆိုရင် လက်တည့်စမ်းချင်တယ်။နောက်တစ်ခုက ပျော်ရွှင်ချင်တယ်။ အဲဒီတော့ ဒီခေတ်မှာ ပျော်စရာတွေ အများကြီးရှိပါတယ်။ စူးစမ်းချင်စရာတွေအများကြီး ရှိပါတယ်။ စူးစမ်းတယ်ဆိုတာက ကောင်းသောသိချင်တဲ့စိတ်နဲ့ စူးစမ်းလို့ ရတဲ့အရာတွေအများ ကြီးရှိပါတယ်။ မူုးယစ်ဆေးဝါးဆို တာမျိုးက ဘယ်သူမဆိုလက်တည့် စမ်းသင့်တဲ့ အရာမျိုးမဟုတ်ပါဘူး။ စမ်းသုံးကြည့် တာကနေ စွဲသွားတာ မျိုးတွေဖြစ်တတ်တယ်။ အဲဒီအခါမှာ တစ်ဘဝလုံး ပျက်ရတယ်။ အဲဒီတော့ ဒီလိုမ ကောင်းဘူးဆိုတဲ့အရာကို ဖြစ်နိုင်ရင် လက်တည့်လည်း မစမ်းစေချင်ဘူး။သုံးဖူးတယ်ရှိ အောင် သုံးကြည့်တယ် ဆိုတာမျိုး လည်းမလုပ်စေချင်ဘူး။ မူးယစ် ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာ ဇာတ်ကားမျိုးကတော့ အစ်မ အနေ နဲ့ မရိုက်ဖြစ်ခဲ့သေးဘူး။နောက်ပိုင်း တော့ရိုက်ကူးဖြစ်မလား မပြောတတ် သေးဘူး။ ရုပ်ရှင်တွေကနေလည်း အသိပညာပေးတာ လည်း ပေးတာ ပေါ့။ နောက်တစ်ခုက ကလေးတွေရဲ့ ကျောင်းနေအရွယ် ကစပြီးတော့ မူးယစ်ဆေးဝါးက မကောင်းဘူးဆို တာမျိုးသိအောင် ပြောပြပေးသင့် တယ်ထင်တယ်။ အဓိကတော့ ဆယ်ကျော်သက်အ ရွယ်ပေါ့။ အဲဒီအရွယ်တွေမှာဆိုရင် ကျောင်းမှာ ရှိတဲ့ ဆရာ၊ဆရာမတွေ ကနေပြီး တော့ဟောပြောပွဲမျိုးတွေ လုပ်ပေး သင့်တယ်လို့ထင်တယ်။ ဘာကြောင့် လည်းဆိုတော့ ဒီမူးယစ် ဆေးဝါးလက်တည့်စမ်းကြတာက ဆယ်ကျော် သက် အရွယ်တွေပေါ့။ ဒါကြောင့် ကျောင်းတွေမှာ အဓိက ထားပြီးတော့ အကြောက်တရားနဲ့ ပြောတာ ထက်စာရင် အသိတရားထဲဝင် အောင်ပြောရမှာပါ။ သူတို့ လေးစား နိုင်တဲ့ အနုပညာရှင်၊ စာရေးဆရာကြီး တွေကို ကျောင်းတွေမှာ ဖိတ်ခေါ် ပြီးတော့ ဟောပြောပွဲလုပ်တာမျိုးတွေလုပ်ပေးသင့်တယ်” လို့ မူးယစ်ဆေးဝါး အန္တရာယ်ကိုသိရှိအောင်လုပ်ဆောင် ပေးသင့်တဲ့အကြောင်း ကိုဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပြပါတယ်။

လက်ရှိမှာလည်း မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ရတာတွေ၊ အထိန်း အသိမ်းခံရတာတွေကိုများစွာတွေ့ မြင်နေရပြီး ဒီလိုလူညွှန့် တုံးစေမယ့် မူးယစ်ဆေး ကို အသုံးမပြု ကြဖို့ အားလုံးကလည်း အသိပညာ ပေးပြောပြကြရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် လူငယ် ဘဝတွေပျက်စီးခဲ့ရမှု တွေ အ ကြောင်းကို အသိပညာပေး အနေနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ လည်း အများကြီး ရှိလို့နေပါတယ်။ ဒီဇာတ်ကားတွေ ထဲကမှ အကယ် ဒမီမင်းသားကြီး နှစ်ဦး သရုပ်ဆောင်ထားတဲ့ ဒိုးရုပ်ရှင် ဇာတ်ကားဟာဆိုရင်လည်း မူးယစ်အန္တရယ်နဲ့ ပတ်သက်လို့ အသိပညာပေးအဖြစ် ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

” အမှန်ကတော့ ကျွန်တော် စိတ်သန်တာက တီဗီချန်နယ်တွေ ကနေ ဇာတ်လမ်းတိုလေးပြတယ် ဆိုရင် ပိုထိရောက်မယ်။ ရုပ်ရှင်ဇာတ်ကားကြီးကျတော့ ရုပ်ရှင်ရုံမှာ သွား ကြည့်ရှုရမယ်။ ရုပ်ရှင်ရုံမှာသွား ကြည့်ရှုတဲ့သူတွေကလည်း ဆေးသမားတို့ကသွားကြည့်ရှုတာမဟုတ်ဘူး။ သူတို့ဘာသာသူတို့ ဥပမာ-အရက်ဆိုင်ထိုင်မယ်၊ ထိုင်ရင်းနဲ့ ဖျတ်ခနဲ လာတဲ့ဟာကို ဖျတ်ခနဲ တွေ့လိုက်တယ်။ဒါမျိုးလေးတွေ လုပ်ဖို့ပဲလိုတယ်။ ရုပ်ရှင်ကားကြီး ရိုက်တယ်ဆိုတာက သိပ်ပြီးတော့ ထိရောက်မှုမရှိတဲ့ အနေအထား တွေဖြစ်နေတယ်” လို့ မူးယစ် အန္တရယ်ကိုအသိပညာပေးနိုင်ဖို့နဲ့ ပတ်သက်လို့ ဦးကျော်သူက အကြံပြု စကားဆိုပါတယ်။

အခုအချိန်မှာ နိုင်ငံတော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးတွေကို ပိုမိုလုပ်ဆောင်နေတာလည်း တွေ့မြင်နေရသလို အနုပညာရှင်များကလည်း မူးယစ်ဆေးဝါး အန္တရာယ် နဲ့ ပတ်သက်လို့ ဟောပြော ပွဲတွေမှာဟောပြနေကြတာတွေရှိပြီး လူငယ်တွေဘဝ လမ်းမှားမရောက်ကြစေဖို့ အားလုံးကအသိပညာပေး လုပ် ဆောင်ရင်း လူငယ်တို့အနာဂတ်ဘဝကို တောက်ပအောင်လုပ် ဆောင်ပေးနေကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင်မိမိတို့နိုင်ငံအတွင်းမှာရော မိမိတို့လူ့ အဖွဲ့အစည်းမှာပါ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ပေးလူမျိုးတုံး သတ်ဖြတ်မှုထဲကနေ တစ်ယောက်ကနေ တစ်သင်းတစ်ဖွဲ့ဆီ အသိပညာလက်ဆင့်ကမ်းကာ လူ့ ဘဝရပ်တည် ရှင်သန်နိုင်ဖို့အတွက် ရော မျိုးဆက် အနာဂတ်ကောင်းဖို့ အတွက်ပါ အသိပညာပေး လမ်းညွန် ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော် အစိုးရနဲ့ လူမှု အသင်း အဖွဲ့တို့က အတူပူပေါင်းပံ့ပိုးပေးကာ စာရိတ္တကောင်းမွန်ပြီး သိမ်မွေ့ယဉ်ကျေးတဲ့ လောကအသိ ဓမ္မအသိ ပညာအသိ လူသားအသိတို့ ပြည့် နှက်နေတဲ့ လူ့ဘောင်လောကသစ် ဖန်တီးတည်ဆောက်ပေးလို့ မူးယစ် ဆေးဝါးအန္တရာယ်ကင်းစင်ရာ လူမှုဝန်းကျင်ကောင်းတစ်ရပ် မွေးဖွားပေးဖို့ လိုအပ်ပါကြောင်း တိုက်တွန်းတင်ပြရေးသားလိုက်ရပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071