စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့၊ ရွှေစည်းခုံ စေတီတော်ရင်ပြင်တော်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ရက်) ညနေပိုင်းတွင် ဆီမီး (၃၀၀၀) ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးအောင်သန်းထံမှ သိရသည်။
“နှစ်စဥ် သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ရွှေစည်းခုံဘုရားဂေါပကက ဦးဆောင်ကျင်းပနေတာပါ။ အခုနှစ်အတွက်ဆီမီး (၃၀၀၀) ထွန်းဖို့ အားလုံးစီစဥ်ပြီးပါပြီ။ အဆင်သင့်ပါ” ဟု ဦးအောင်သန်းက ပြောသည်။
ထို့ပြင် ရွှေစည်းခုံစေတီတော် သီတင်းကျွတ် စတုဒီသာကုသိုလ်အဖြစ် သီတင်းကျွတ်လပြည့်ကျော် (၅)ရက်နှင့် (၆)ရက်များတွင် စတုဒီသာထမင်းဟင်းများ ကုသိုလ်ပြုကျွေးမွေးမည်ဖြစ်သည်။
ထမင်းဟင်း ကျွေးမွေးမည့် စတုဒီသာအလှူကို ရွှေစည်းခုံ စေတီအရှေ့ဘက် ရင်ပြင်စတုဒီသာမဏ္ဍပ်တွင် နံနက်(၇)နာ ရီမှ စတင် ကြွရောက်သုံးဆောင်ကြရန် ဂေါပကအဖွဲ့ကဖိတ်ကြားထားသည်။
စတုဒီသာအလှူသည် ဆန်(၅)တင်းချက်ဖြစ်ပြီး တစ်ရက် ကျပ်သိန်း (၅၀)ကုန်ကျမည်ဖြစ်ကာ သီတင်းကျွတ်လပြည့်ကျော် (၅)ရက်တွင် မောင်းထောင်ကျောင်းဆရာတော်ကြီး ဦးသုစိတ္တကို ရည်မှန်းပြီး တပည့်များ၊ ဆွေတော်မျိုးတော်များက ကုသိုလ်ပြုထားခြင်းဖြစ်သည်။
လပြည့်ကျော် (၆)ရက်တွင် မုံရွာမြို့၊ စျေးလမ်း၊ ခိုဖြူ+ခိုပြာသံဆိုင် ဦးခင်မောင် နှင့် ဒေါ်မြစိန် မိသားစုက စတုဒီသာကုသို လ်ပြုထားခြင်း ဖြစ်သည်။
“ဆက်သွယ်ကုသိုလ်ပြုလာသမျှကို ဂေါပကအဖွဲ့က လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ အချိန်မီကုသိုလ်ပြုနိုင်ကြပါပြီ”ဟု ဦးအောင်သန်းက ပြောသည်။
တစ်ရက်လျင် ကျပ်သိန်း (၅၀) ကုန်ကျသည့် စတုဒီသာ အ လှု ကုသိုလ်ပြုလိုသူများအနေဖြင့် ရွှေစည်းခုံဂေါပကအဖွဲ့ဝင်ဦးအောင်သန်း တယ်လီဖုန်းနံပါတ် 092130670 ထံ ဆက်သွယ်ကုသိုလ်ပြုနိုင်ကြကြောင်း သိရသည်။
