စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ယနေ့ အောက်တိုဘာ ၆ ရက်နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်က နေအိမ်တစ်လုံးနှင့် အ လှပြင်ဆိုင်တစ်ဆိုင်တို့မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းမီးသတ်ဦးစီးမှူးရုံးနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)တို့ထံမှ သိရသည်။
မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ နေအိမ်တစ်လုံးနှင့် အလှပြင်ဆိုင်တစ်ဆိုင်တို့တွင် မီး လောင်မှုဖြစ်ပွားနေသဖြင့် မုံရွာခရိုင်/မြို့နယ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ သလ္လာရပ်ကွက်၊ ထန်းတောရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်တို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)တို့မှအဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နေ့လည် ၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
