Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsမုံရွာချင်းတွင်းသင်္ကြန်အတွက် ထုလုပ်နေသောသဲပန်းပုကို လာရောက်လေ့လာရန်နှင့်...

မုံရွာချင်းတွင်းသင်္ကြန်အတွက် ထုလုပ်နေသောသဲပန်းပုကို လာရောက်လေ့လာရန်နှင့် အားသည့်အချိန်တွင် သဲပန်းပုပညာကို သင်ကြားပေးမည်ဟု စင်ကာပူပညာရှင်က ဖိတ်ခေါ်

မုံရွာမြို့တွင်ကျင်းပမည့် ချင်းတွင်း သင်္ကြန်အတွက် ထုလုပ်နေသော စင် ကာပူမှ သဲပန်းပုပညာရှင်က သဲပန်း ပုနှင့်ပတ်သက်၍ ပညာရယူလိုပါက ယခုထုလုပ်နေချိန်တွင် လက်တွေ့ လာရောက်လေ့လာနိုင်သလို ပန်းပု ထုလုပ်သည့်အချိန်အားလျှင် ပန်းပု ထုပညာကို မျှဝေကူညီ သင်ကြားပေး မည်ဖြစ်ကြောင်း သဲပန်းပုတာဝန်ခံ ကိုစံလင်းက ပြောကြားသည်။

“သဲပန်းပုပညာနဲ့ ပတ်သက်ပြီး စင်ကာပူပညာရှင်အနေနဲ့အားတဲ့ အ ချိန်မှာ ပြောပြသင်ကြားကူညီပေး သွားမှာဖြစ်ပါတယ်။ လက်ရှိထုလုပ် နေတဲ့အချိန်မှာ လာကြည့်ဖို့ကိုလည်း စင်ကာပူပညာရှင်က ဖိတ်ထားပါ တယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုရယ်၊ စစ်ကိုင်းတိုင်းထဲကရှားပါးနေပြီဖြစ်တဲ့ တိရစ္ဆာန်တွေရဲ့ ပုံတွေကို ဆက် စပ်လုပ်သွားမှာပါ။ မတ်လ ၂၁ ရက် ကစပြီး စင်ကာပူပညာရှင်က သဲပန်း ပုကိုစလုပ်နေတာ ရက်၂ဝ လောက် အချိန်ယူရပါမယ်။ အရုပ်ကတော့ ဘာလုပ်မယ်ဆိုတာရှိပြီးသားပါ။ ဒါ ပေမဲ့ မပြောသေးဘူး++ဟု ကိုစံလင်းက ပြောသည်။ စင်ကာပူနိုင်ငံမှ ၃ီ သဲပန်းပုပညာရှင်တန်ဂျူးဟန်က ၁၈ ပေအမြင့်ရှိသော သဲပန်းပုကို ထုဆစ် မည်ဖြစ်ပြီး အမေရိကန်နှင့်ဥရောပ အပါအဝင် တစ်ကမ္ဘာလုံးမှ ၃ီ သဲ ပန်းပုချန်ပီယံဆု ပေါင်း ၁ဝ ခုကျော် ရရှိခဲ့သူဖြစ်သလို စစ်ကိုင်းတိုင်းဒေ သကို ကိုယ်စားပြုသည့် လက်ရာများ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျုးမည့်လက်ရာများပါဝင်မည်ဟုသိရသည်။

“သဲပန်းပုအမြင့်က ၁၈ ပေခန့် ရှိပြီး နောက်ထပ် ၅ ရက်လောက် နေရင်ပုံပေါ်ပါပြီ။ အပေါ်ကပုံစံသွင်း ထားတာကို အရင်ခွာပြီး အပေါ်က စပြီး ပုံဖော်သွားမှာဖြစ်ပါတယ်။ သဲ ရယ်၊ ရေရယ်၊ နုန်းမြေနည်းနည်းရယ် ရောလုပ်တာပါ။ စင်ကာပူပညာရှင်နဲ့ အတူ ၁ဝ ဦးလောက်က ကူညီနေကြ တာပါ။ မြန်မာနိုင်ငံမှာဒါပထမဆုံးပဲ။ ဒါပထမဆုံးဖြစ်တော့ နောက်ပိုင်း တက္ကသိုလ်ကကျောင်းသားတွေ သဲ ပန်းပုထုတတ်သွားရင် နိုင်ငံခြားအကူ အညီမပါဘဲနဲ့ မြန်မာ့နည်းမြန်မာ့ဟန် နဲ့ လုပ်ဖို့ဆန္ဒရှိတယ်။ နောက်ပိုင်းမှာ သဲပန်းပုပြပွဲပြိုင်ပွဲလို မျိုးလုပ်ပေးရင် မြန်မာ့အနုပညာအတွက် ပိုကောင်း ပါတယ်”ဟု ကိုစံလင်းကပြောသည်။ သဲပန်းပုနှင့်ပတ်သက်၍ ဒေါက်တာ ဘွဲ့ရထားသည့် အမျိုးသားယဉ်ကျေး မှုနဲ့ အနုပညာတက္ကသိုလ်ရန်ကုန်မှကို ပြည့်ဖြိုးကျော်နှင့်အတူ ဆရာများ၊ ကျောင်းသားများ စုပေါင်းထုလုပ်ကြ မည်ဖြစ်ရာ သဲပန်းပုအနေနှင့် ပထမ ဆုံးအကြိမ် အတွေ့အကြုံဖြစ်ကြောင်း မန္တလေးယဉ်ကျေးမှုတက္ကသိုလ် တတိယနှစ်ကျောင်းသား ဖိုးဝလုံးက ပြောကြားသည်။

“ကျောင်းသား ၁ဝ ဦး၊ ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်က ဆရာ ၃ ဦး၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် က ၃ ဦးပါမယ်။ ရိုးရာသင်္ကြန်နဲ့ ပတ် သက်တဲ့ သဲပန်းပုထုမှာပါ။ ဆရာတွေ ဒီဇိုင်းဆွဲပေးထားတာရှိပါတယ်။ ၈ ပေနဲ့ ၁ဝ ပေကြားမှာရှိတဲ့ မတ်ရပ် ၃ ရုပ်နဲ့အလှဲ ၂ ရုပ်၊ စုစုပေါင်းသဲပန်းပု ၅ ရုပ်လောက်ထုမှာပါ။ မြန်မာ့ရိုးရာဆန်တဲ့ရေလောင်းနေတဲ့အရုပ်၊ ရေ ပက်နေတဲ့ အရုပ်တွေကို ထုလုပ်သွား မှာ ပါ++ဟု မန္တလေးယဉ်ကျေးမှုတက္က သိုလ်တတိယနှစ်ကျောင်းသား ဖိုးဝ လုံးက ပြောသည်။

“ကျွန်တော်တို့ ကျောင်းမှာ သင်ယူရတာက ရွှံ့နဲ့ထုလုပ်တဲ့ပန်းပု ပါ။ ပြီးမှ ကြေးလောင်းတာ၊ ဖိုက်ဘာ လောင်းတာတို့လုပ်ပါတယ်။ အခုက တော့ သဲနဲ့တိုက်ရိုက်ထုလုပ်တာပေါ့။ ကျောင်းမှာတော့ သဲကျောက်ထုတာ တွေတော့ သင်ရပေမယ့် သဲပန်းပုကျ တော့ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက် အနေနဲ့ရော၊ အနုပညာအနေနဲ့ပါ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေပါသေး တယ်။ နောက်လုပ်မယ့်ပွဲတွေအတွက် လက်ရာကောင်းလာစေဖို့ အခုပွဲက အများကြီးအထောက်အကူ ဖြစ်စေပါ တယ်။ မြန်မာနိုင်ငံမှာလည်း သဲပန်း ပုထုလုပ်တာပထမဆုံးဖြစ် တယ်လို့ မြင်တဲ့အတွက် အနယ်နယ်အရပ်ရပ် က သင်္ကြန်လာလည်မယ့် မိတ်ဆွေ တွေအနေနဲ့အရောက်လာခဲ့ကြဖို့ ဖိတ်ပါတယ်”ဟု ဖိုးဝလုံးက ဆက် လက်ပြောကြားသည်။

လှိုင်ဝင်းကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071