ထိုင်းနိုင်ငံမြောက်ပိုင်းသို့ အပူပိုင်းမုန်တိုင်း ကာဂျီကီ ဝင်ရောက်ခဲ့ပြီး မိုးကြီးကာ မြေပြိုခဲ့သဖြင့် လူငါးဦးထက်မနည်းသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ကာဂျီကီသည် ယခုသီတင်းပတ်အစောပိုင်း၌ ဗီယက်နမ်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်တို-က်ခ-တ်ခဲ့ပြီး လူခုနစ်ဦး ေ-သဆုံးခဲ့ကာ လူနေအိမ်နှင့်ရုံးဌာန ၁၀,၀၀၀ ကျော် ရေမြုပ်ခဲ့သည့်အပြင် စပါးနှင့် သီးနှံစိုက်ခင်း ၈၆ ဟက်တာခန့်ကို ရေလွှမ်းမိုးခဲ့သည်ဟု ဗီယက်နမ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင်မူ ချင်းမိုင်၊ ချင်းရိုင်နှင့် မယ့်ဟောင်ဆွန် အပါအဝင် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များတွင် ရေကြီး၍မြေပြိုကာ အိမ်ထောင်စု ၁,၈၀၀ ခန့်နှင့် လူဦးရေ ၆,၃၀၀ ကျော် သည် သဘာဝဘေးဒ-ဏ် ကို ခံခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောကြားခဲ့သည်။
ချင်းမိုင်တွင် မြေပြိုသဖြင့် လူလေးဦးေ-သဆုံးခဲ့ပြီး မယ့်ဟောင်ဆွန်တွင် လူတစ်ဦးရေနစ်ေ-သဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးကြောင့် ချင်းမိုင်တွင် ဒ-ဏ်ရာရရှိသူ ၁၅ ဦးရှိခဲ့ကာ မြေပြိုရာတွင် မြေကြီးက ဖုန်းလွှမ်းသွားသူ ငါးဦးနှင့် ရေစီးနှင့်အတူ မျောပါသွားခဲ့သူ နှစ်ဦးရှိခဲ့ကြောင်း သိရသည်။
Ref: ယဟျူးနူးစ်
