Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeNewsLocal Newsမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး...

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် ၁၀ မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၃ ရက်တွင် အသိပေးကြေညာထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ ဇွန်လ ၁၈ ရက်၊ ဇွန်လ ၂၃ ရက်နှင့် ဇူလိုင်လ ၅ ရက် စသည့်နေ့ရက်အသီးသီးတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနေသောမြို့များနှင့် ကျေးရွာများအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၆၆ ကေဗွီ ရသေ့တောင်-ဘူးသီးတောင်ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်သဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်တွင် ဘူးသီးတောင်မြို့ရှိ ၆၆/၁၁ ကေဗွီ , (၅) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ၏ (၁၁) ကေဗွီ ဖီဒါ (၄) ဖီဒါမှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၇၅ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာ (၂၄) ရွာရှိ မီးသုံးသူ ၅,၂၇၃ ဦးတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။

ဇူလိုင်လ ၁၃ ရက်၌ပင် ‌မောင်တောမြို့ရှိ ၆၆/၁၁ကေဗွီ , (၅) အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ၏ (၁၁) ကေဗွီ ဖီဒါ (၄) ဖီဒါ မှ ၁၁/၀.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ ၈၁ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ၂၄ ရွာရှိ မီးသုံးသူ ၆,၄၇၄ ဦးတို့အား ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြန်လည်ဖြန့်ဖြူး ပေးထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မြင့်တက်လာမည်ဟု ထိုင်းမျှော်လင့်

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့်...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071