မိုးရာသီ လှိုင်းလေထန်တတ်သည့် ကာလဖြစ်နေသောကြောင့် ရန်ကုန်မြို့သို့ သမ္ဗာန်ဖြင့် ကူးကြသူများ အသက်ကယ်အင်္ကျီ ဝတ်ဆင်ရန်လိုအပ်နေသည်။
ရန်ကုန် – ဒလ သို့ အသွားအပြန် ကူးသန်းရန်အတွက် သမ္မတကမ်းခြေ၊ အံ့ကြီး၊ ကားဂိတ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဝန်ထမ်းနှင့် ဆာပါချောင် စသည့် ရပ်ကွက် ကူးတို့လှေဆိပ်များရှိပြီးနေ့စဉ် လူပေါင်းထောင်နှင့် ချီ အသုံးပြုနေကြသည်။
သို့သော်လည်း သမ္မာန်ဖြင့် ကူးကြသူများသည် အသက်ကယ် အင်္ကျီဝတ်ဆင်ရန် လိုအပ်နေဆဲဖြစ်ပြီး ကူးတို့လှေအ များစု၌ ဆောင်ထားသည့် အသက်ကယ်အင်္ကျီများသည် ညစ်ပတ်ပေရေနေသောကြောင့် အများစုသည် အဝတ်အ စားများ စွန်းထင်းမည်စိုးရိမ်သည့်အတွက် ဝတ်ဆင်လေ့မရှိကြသည်က များသည်။
ယမန်နေ့ ဇူလိူင်လ (၂၄)ရက် နံနက်ပိုင်းက ရုတ်တရက်ကြုံလိုက်ရသည့် ရန်ကုန်မြစ်ထဲ၌ ပြင်းထန်သည့် လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်-သမ္မတကမ်းခြေကူးသည့် ကူးတို့စက်လှေတစ်စင်း နစ်မြုပ်ခဲ့သေးသည်။
ထိုကူးတို့စက်လှေပေါ်တွင် (၁၁) ဦးပါဝင်ခဲ့ပြီး စက်လှေမောင်းသူနှင့် ခရီးသည်နှစ်ဦး နစ်မြုပ်ပျေ-ာက်ဆုံးခဲ့ရသည်။
စက်လှေနစ်မြုပ်ပြီးနောက် စက်လှေစီးနင်းသူတိုင်း အသက်ကယ်င်္အကျီဝတ်ထားရန် အာဏာပိုင်များက ကြပ်မတ်နေသည်ကိုလည်း တွေ့နေရဆဲ ဖြစ်သည်။
