Tuesday, August 4, 2026

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...
HomeNewsLocal Newsမိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများဘေးလွတ်ရာသို့...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

(Unicode)

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

ရှမ်းပြည်(တောင်ပိုင်း)၊မိုးဗြဲမြို့အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ နစက ၏လုံခြုံ ရေးအဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ လက်နက်ကြီးပစ် ခတ်မှုများရှိ၍ ဒေသခံများမှာဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနေသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

မိုးဗြဲမြို့အနီးတဝိုက်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများသည် လူနေ ထိုင်ရာနေရာများအနီး၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့်သက်ကြီးရွယ်အိုများ၊မြို့အတွင်းပိတ်မိနေသူများအား လူမှုကူညီရေးအသင်းဝင်များက ဘေးလွတ်ရာသို့ကယ်ထုတ်ပေးလျက်ရှိသည်။

“ဒဏ်ရာရတဲ့လူတွေကို အတတ်နိုင်ဆုံးကုသမှုတွေလုပ်ပေးပြီးဆေးရုံကိုပို့ပေးတယ် မြို့ထဲကအသက်ကြီးတဲ့သူတွေကိုလည်း စစ်ဘေးလွတ်တဲ့နေရာတွေကိုပို့ပေးနေရတယ်”ဟုမိုးဗြဲမြို့အခြေ စိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မိုးဗြဲမြို့နေသူအများစုသည် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးလွတ်ကင်းသည့်နေရာများရှိ ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများ၊ခရစ်ယာန်ဘုရားကျောင်းများနှင့်ဆွေမျိုးများရှိသည့် နေရာများ၌ရောက်ရှိတိမ်းရှောင်နေရသည်။

ထို့ပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် မိုးဗြဲမြို့တွင်လည်း အင်တာနက်လိုင်းများဖြတ်တောက်ခံထားရပြီး ယနေ့နံနက်ပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံအချို့တွင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာအတွင်း ပိတ်မိနေသူများအနေဖြင့် ၎င်းတို့ထံဆက်သွယ်အကူအညီတောင်းခံနိုင်ကာ ကူညီကယ်ထုတ်ပေးမှုများပြုလုပ်ပေးသွားမည်ဟု Mobye Rescue Team မှထုတ်ပြန်အသိပေးထားသည်။

Photo-Mobye Rescue Team

(Zawgyi)

မိုးၿဗဲၿမိဳ႕တြင္ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ေဒသခံမ်ားေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနရ

ရွမ္းျပည္(ေတာင္ပိုင္း)၊မိုးၿဗဲၿမိဳ႕အနီးတဝိုက္တြင္ ေဖေဖာ္ဝါရီ ၁၅ ရက္မွစတင္၍ နစက ၏လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားႏွင့္ေဒသခံအဖြဲ႕မ်ားၾကား၌ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားကာ လက္နက္ႀကီးပစ္ ခတ္မႈမ်ားရွိ၍ ေဒသခံမ်ားမွာေဘးလြတ္ရာသို႔ ေရွာင္တိမ္းေနရၿပီး ထိခိုက္ဒဏ္ရာရရွိမႈမ်ားလည္း ရွိေနသည္ဟု လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

မိုးၿဗဲၿမိဳ႕အနီးတဝိုက္၌ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္ၿပီး လက္နက္ႀကီးပစ္ခတ္မႈမ်ားသည္ လူေန ထိုင္ရာေနရာမ်ားအနီး၌ က်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္သက္ႀကီး႐ြယ္အိုမ်ား၊ၿမိဳ႕အတြင္းပိတ္မိေနသူမ်ားအား လူမႈကူညီေရးအသင္းဝင္မ်ားက ေဘးလြတ္ရာသို႔ကယ္ထုတ္ေပးလ်က္ရွိသည္။

“ဒဏ္ရာရတဲ့လူေတြကို အတတ္ႏိုင္ဆုံးကုသမႈေတြလုပ္ေပးၿပီးေဆး႐ုံကိုပို႔ေပးတယ္ ၿမိဳ႕ထဲကအသက္ႀကီးတဲ့သူေတြကိုလည္း စစ္ေဘးလြတ္တဲ့ေနရာေတြကိုပို႔ေပးေနရတယ္”ဟုမိုးၿဗဲၿမိဳ႕အေျခ စိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာ သည္။

မိုးၿဗဲၿမိဳ႕ေနသူအမ်ားစုသည္ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ စစ္ေဘးလြတ္ကင္းသည့္ေနရာမ်ားရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊စာသင္ေက်ာင္းမ်ား၊ခရစ္ယာန္ဘုရားေက်ာင္းမ်ားႏွင့္ေဆြမ်ိဳးမ်ားရွိသည့္ ေနရာမ်ား၌ေရာက္ရွိတိမ္းေရွာင္ေနရသည္။

ထို႔ျပင္ ထိေတြ႕တိုက္ပြဲျဖစ္ပြားေနသည့္ မိုးၿဗဲၿမိဳ႕တြင္လည္း အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ခံထားရၿပီး ယေန႔နံနက္ပိုင္း လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ ေဒသခံအခ်ိဳ႕တြင္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားျဖစ္ေပၚခဲ့သည္ဟု သိရသည္။

တိုက္ပြဲျဖစ္ပြားေနသည့္ ဧရိယာအတြင္း ပိတ္မိေနသူမ်ားအေနျဖင့္ ၎တို႔ထံဆက္သြယ္အကူအညီေတာင္းခံႏိုင္ကာ ကူညီကယ္ထုတ္ေပးမႈမ်ားျပဳလုပ္ေပးသြားမည္ဟု Mobye Rescue Team မွထုတ္ျပန္အသိေပးထားသည္။

Photo-Mobye Rescue Team

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း ကုန်သွယ်ရေးညှိနှိုင်းရေးဌာန၏ အဆိုအရ သိရသည်။          ဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် အူမာပွန် ဖူထရာကူလ်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည့် ဇူလိုင်လ ၂၃ ရက် နေ့နှင့် ၂၄ ရက် နေ့တို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် အက်ဖ်တာ ပူးတွဲကော်မတီ အွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။        ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်...

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071