မိုးနှောင်းကာလ စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် (၁) ကြိမ်ခန့်စီ မြင့်တက်လာနိုင်ကြောင်း သိရသည်။
အလားတူရွှေကျင် မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။
