Sunday, May 10, 2026

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှု ပြ-တ်တေ-ာက်မှုများ...

အရှေ့အလယ်ပိုင်း ပဋိပက္ခ အခြေအနေများသည် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှုအပေါ် ဆိုးကျိုးများ သက်ရောက်စေပြီး ဈေးနှုန်းများ မြင့်တက်လာစေရန် အကြောင်းရင်းဖြစ်စေကြောင်း The Wall Street...

ရွှေဟင်္သာသရက် အရည်အသွေးမြင့်လာ

ယခုနှစ် သရက်ရာသီတွင် ရွှေဟင်္သာသရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး အထွတ်ပုံပျက်သီးများလည်း လျော့နည်းလာကြောင်း သရက်စိုက်တောင်သူများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ သို့သော် မိုးရွာပြီးချိန်များတွင် သရက်သီးများကို ဆက်လက်ခူးဆွတ်နေမှုများရှိနေသဖြင့်...

မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ဝန်ထမ်းများပူး ပေါင်း၍ မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် နေ့ညမပျက်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း...

မြန်မာဖို-က်တာ ဂျော့ရှုဝါဗန် ဂျပန်ဖို-က်တာကို အလဲထိုးပြီး...

မြန်မာဖို-က်တာဖြစ်သူ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန်က ဂျပန်ဖို-က်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချီ၌ အလဲထိုးနိုင်ခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ “မြန်မာပရိတ်သတ်တွေကို...
HomeNewsLocal Newsမိုးတိမ်တောင်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင်...

မိုးတိမ်တောင်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်

မိုးတိမ်တောင်များဖြစ်ထွန်းနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မေလ ၉ ရက် ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှု ပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နေ

အရှေ့အလယ်ပိုင်း ပဋိပက္ခ အခြေအနေများသည် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှုအပေါ် ဆိုးကျိုးများ သက်ရောက်စေပြီး ဈေးနှုန်းများ မြင့်တက်လာစေရန် အကြောင်းရင်းဖြစ်စေကြောင်း The Wall Street Journal က ဖော်ပြခဲ့သည်။ အမေရိကန်အခြေစိုက် အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ ဆာလ်ဖျူရစ်အက်ဆစ်ကို ဖော့စဖိတ်မြေသြဇာများ ထုတ်လုပ်ရန်၊ ကျောက်ဆောင်များထဲမှ ကြေးနီနှင့် အခြားသတ္တုများကို ခွဲထုတ်ရန်၊ သစ်ပျော့ဖတ်ပြုလုပ်ရန်၊ သံမဏိသန့်စင်ရန်၊ သားရေနယ်ရန်နှင့် ရော်ဘာကျိုရန်တို့တွင် အသုံးပြုကြကြောင်း သိရသည်။ "ကမ္ဘာပေါ်ရှိ ဆာလ်ဖာ (ကန့်) အများစုမှာ ပါရှန်းကွေ့ရှိ ရေနံချက်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများမှ ထွက်ရှိခြင်းဖြစ်ပြီး လက်ရှိတွင်...

ရွှေဟင်္သာသရက် အရည်အသွေးမြင့်လာ

ယခုနှစ် သရက်ရာသီတွင် ရွှေဟင်္သာသရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး အထွတ်ပုံပျက်သီးများလည်း လျော့နည်းလာကြောင်း သရက်စိုက်တောင်သူများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ သို့သော် မိုးရွာပြီးချိန်များတွင် သရက်သီးများကို ဆက်လက်ခူးဆွတ်နေမှုများရှိနေသဖြင့် ဈေးကွက်သို့ လတ်ဆတ်သန့်ရှင်းစွာ ရောက်ရှိရေးနှင့် ဈေးကောင်းရရှိရေးအတွက် ရာသီဥတုအလိုက် စနစ်တကျခူးဆွတ်ကြရန် လိုအပ်ကြောင်း ၎င်းတို့က တိုက်တွန်းထားသည်။ “မိုးစိုနေချိန်ခူးရင် သီးအရည်အသွေးကျနိုင်သလို ပုပ်သိုးတာ၊ အစက်အပြောက်ဖြစ်တာတွေလည်း များလာတတ်တယ်။ ဈေးကွက်ရောက်တဲ့အခါ လတ်ဆတ်မှုလည်း လျော့သွားနိုင်တယ်”ဟု သရက်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အထူးသဖြင့် ပြည်ပတင်ပို့မည့် သရက်သီးများအတွက် ခြောက်သွေ့သည့်ရာသီဥတုတွင် ခူးဆွတ်ခြင်း၊ ထုတ်ပိုးမှုမပြုမီ ခဏတာအအေးခံ၍ ကျင်းထားခြင်းတို့ကို...

မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ဝန်ထမ်းများပူး ပေါင်း၍ မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် နေ့ညမပျက်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။   ဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီးများနှင့် ဈေးဆိုင်ခန်းများတွင်  တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများမီးဘေးအန္တရာယ်မဖြစ်စေရေး၊ သဘာဝဘေးဒ-ဏ်ကြောင့် မီးမလင်းသည့်လျှပ်စစ်မီးသီးများအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဈေးသူ/ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်ထားရှိရေးနှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများမပြုလုပ်ရန် အသိပညာပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဈေးမီးဘေးလုံခြုံရေးအတွက်ဆောင်ရွက်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများအသင့်အနေထား အသုံးပြုနိုင်ရန်ပြင်ဆင်ခြင်း၊ မီးလေ-ာင်စေနိုင်သောလေ-ာင်စာများနှင့် အမှိုက်သရို-က်များမရှိစေရေးသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို နေ့ညမပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071