Monday, April 13, 2026

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...
HomeNewsLocal Newsမိုးညှင်းတွင် အမျိုးသား (၃)ဦးမှ...

မိုးညှင်းတွင် အမျိုးသား (၃)ဦးမှ မော်တော်ယာဉ်တစ်စီးဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၆၈၀၀) ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အမျိုးသား (၃)ဦးမှ TOYOTA ALPHARD မော်တော်ယာဉ်ဖြင့် သိုဝှက်သယ် ဆောင်လာသည့် ငွေကျပ်သိန်း ၆၈၀၀ ကျော် တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

မေလ (၆) ရက်၊ ညနေ(၅) နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘ က်သို့ မင်းထွေး မောင်းနှင်ပြီး မင်းကိုကို နှင့် ထွန်းဦး တို့လို က်ပါလာသည့် TOYOTA ALPHARD မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ် ဆော င်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၁၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၁၁.၅ သိန်း)နှင့် လက် ကိုင်ဖုန်း (၃) လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သ တင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ သိမ်းဆည်း ရမိခဲ့သည့်အတွက် မင်းထွေး (၃၆) နှစ်၊ မင်းကိုကို (၃၃)နှစ် နှင့် ထွန်းဦး(၄၂)နှစ်တို့အား မိုးညှင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယ စ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (လမ်းလျှောက်သင်္ကြန်အတွက် ရေတင်ခြင်းများကို ဆိုလာစနစ်ဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071