မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊ နယ်မြေ(၈)၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ဆပါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများက ည ၆ နာရီ ၄၅ မိနစ်ခန်မှစတင်ကာ ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအား ရေဘေးလွတ်ကင်းသော နီးစပ်ရာဆွေမျိုးများအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
