Sunday, May 18, 2025

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...
HomeCelebrities' Newsမိုရီဆာကီဝင်း ပါဝင်သော Win’s...

မိုရီဆာကီဝင်း ပါဝင်သော Win’s Shooow Time ကို နိုဝင်ဘာ ၁၇ ရက်နေ့ စတင် ထုတ်လွှင့်မည်

မြန်မာပြည်ဖွား ဂျပန်အဆို တော် မိုရီဆာကီဝင်းပါဝင်မယ့် Win’s Shooow Time အစီအစဉ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှစပြီး အပတ်စဉ် စနေနေ့ည ၈ နာရီမှာ MNTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ်။ မိုရီဆာကီ ဝင်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များနဲ့ အတူ Talk Show ၊ ရယ်စရာဟာသများ၊ သီချင်းများ၊ အကများနဲ့ Quiz Show လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်မှာ ခရီး သွားနေတဲ့ ပျော်ရွှင်စရာ အစီအစဉ် တွေလည်း ပါဝင်တာကြောင့် ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မိုရီဆာကီဝင်းနဲ့အတူ Primax Boyband အဖွဲ့သား တွေနဲ့အတူ အရိုင်း၊ ရေဗက္ကာဝင်း တို့လည်း ပါဝင်မှာဖြစ်ပြီး မြန်မာနိုင် ငံကအနုပညာရှင်များကလည်း အထူး ပါဝင်ဖျော်ဖြေတင်ဆက်ပေး ကြဦးမှာပါ။ ဒီအစီအစဉ်နဲ့ ပတ် သက်ပြီး မိုရီဆာကီဝင်းက…

”Win’s Shooow Time ဆိုတာ က မြန်မာပြည်မှာ ပထမဦးဆုံး Variety Show ပါ။ ဟာသတွေရော၊ သီချင်းတွေရော၊ အကတွေရော အများကြီးပဲပါတဲ့ အစီအစဉ် တစ်ခုပါ။ ဦးအရိုင်းဆီက မြန်မာ စကားအသစ်တွေလည်း အများကြီး သင်ရပါတယ်။ အဲဒီအတွက် ကျွန်တော်မြန်မာစကား တဖြည်း ဖြည်းနဲ့ကျွမ်းလာပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီအစီအစဉ်ကို ပြန်ကြည့်တဲ့အချိန်မှာ တအားရယ် နေရပါတယ်။ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးပါ။ ဂျပန်ကလည်း ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အ တွက် ဂျပန်က ဘယ်လိုမျိုး ဗုဒ္ဓဘာ သာလဲ၊ ဘုရားကို ဘယ်လိုရှိခိုးလဲ၊ ယဉ်ကျေးမှုတွေကကော ဘယ်လို ရှိလဲ၊ အဲဒါတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ မိုရီဆာကီဝင်းနဲ့အတူ ဒီအစီအစဉ်ကို ရိုက်ကူးပုံဖော်ခဲ့တဲ့ အရိုင်းက…

”အဝင်းက ဂျပန်နိုင်ငံမှာ အနေ များတယ်ဆိုပေမယ့် သူ့ရဲ့ခံယူချက် လေးက မြန်မာနိုင်ငံသားအနေနဲ့ ဒါမျိုးလေးတွေလုပ်ရတာ ကျေနပ်ပါ တယ်ဆိုတဲ့အခါကျတော့ သူ့ကို ဂျပန် နိုင်ငံက တာဝန်ရှိသူတွေကလည်း ချီးကျူးတယ်။ ကျွန်တော့်အနေ နဲ့လည်း သူကမြန်မာပြည်ကို မမေ့ဘူး။ မြန်မာပြည်ကို တန်ဖိုး ထားတယ်ဆိုတော့ လူငယ်တစ် ယောက်ဖြစ်ပြီး ဒီလိုစိတ်မျိုးရှိတဲ့ အတွက် သူ့ကို ချီးကျူးပါတယ်” လို့ မိုရီဆာကီဝင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပါတယ်။ ဒီအစီအ စဉ်မိတ်ဆက်ပွဲကိုတော့ အောက်တို ဘာလ ၁၂ရက်နေ့ နေ့လယ် ၁ နာရီက ဆူးလေရှန်ဂရီလာဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့ တစ်ပတ်ကို ပျမ်းမျှ ယူကရိန်းနှင့်ရုရှားစစ်သား ၅,၀၀၀ ကျော်‌ေ-သဆုံးနေရတဲ့ သွေးချောင်းစီးစစ်ကြီးကိုရပ်တန့်ဖို့ပါပဲ။ ကုန်သွယ်ရေး ကိစ္စတွေလည်း ဆွေးနွေးမှာပါ” ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။ ယင်းနောက်၎င်းအနေဖြင့် ယူကရိန်းသမ္မတဇယ်လန်းစကီးအပါအဝင် နေတိုးအဖွဲ့ဝင်များနှင့်ပါ အသီးသီးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ အဆိုပါနေ့သည် အကျိုးရှိသောနေ့တစ်နေ့ဖြစ်လာကာ အပစ်အခတ်ရပ်စဲရေးသည် ဖြစ်လာလိမ့်မည်ဟု ယုံကြည်‌ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲအပြီး၌ နှစ်ဖက်ကိုယ်စားလှယ်များသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို အသစ်တကြိမ်...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန် ဖိတ်ခေါ်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း "Bridging Tastes" ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး မြန်မာမှ ပါဝင်ပြသရန် ဖိတ်ခေါ်ထားသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအား ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ (သို့မဟုတ်) အခြားစားသောက်ကုန်များကို ပြသရန် ဖိတ်ခေါ်ထားခြင်းသည်။ ACC မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခု အခမဲ့...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့် FBI ညွှန်ချုပ်ဟောင်းအား ထောက်လှမ်းရေးက ခေါ်စစ်

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောကြားခဲ့သည်။ X (ယခင်က Twitter)၌ ပို့စ်တင်ရာတွင် နိုအမ်က "ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ" ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ကိုမီးအား နောက်ထပ်အရေးယူမှုများ ခံရနိုင်ခြေရှိမရှိနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မဖော်ပြခဲ့ပေ။ အမည်ဖော်ပြလိုခြင်းမရှိသော တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦး၏ အဆိုအရ သမ္မတလုံခြုံရေးတာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Secret Service မှ ကိုမီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071