Thursday, May 14, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...
HomeNewsLocal Newsမိုင်းဟဒေသမှ တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိ

မိုင်းဟဒေသမှ တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိ-မ်လ-ည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိ-မ်လ-ည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ကြသဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိ-မ်လ-ည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၁)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိ-မ်လ-ည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးဆောင်ရွက်ပေးနေသူ (၅)ဦး၊ တရုတ်နိုင်ငံသားအမျိုးသား(၄၈)ဦး၊ အမျိုးသမီး(၂)ဦး၊ ဗီယက်နမ်နိုင်ငံသားအမျိုးသမီး (၁၈)ဦး၊ မြန်မာနိုင်ငံသားအမျိုးသား(၅)ဦး၊ အမျိုးသမီး(၂၉)ဦး(စုစုပေါင်း ၁၀၂ ဦး)တို့ကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှင့်အတူ တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိ-မ်လ-ည်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံအလုံး(၂၆၀)၊ Laptop (၂၅)လုံး၊ Destop (၂၁)လုံး၊ Keyboard (၂၈)လုံး၊ Wifi စက်(၂)လုံး၊ Starlink (၇)လုံး၊ လက်နက်မျိုးစုံ(၇) လက်၊ ကွန်ပျူတာ(၇၂)လုံး၊ ငါးဂိမ်းစက်(၅)လုံး၊ ကား(၃)စီး၊ ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် အသိပေး

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေနှင့် ပတ်သက်သည့် အကြံပြုစာများကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်းလည်း အသိပေးဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက်(၇)ချက်ကို လည်း ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ ထိုပြင် ဥပဒေတွင် အခန်း(၁၃)ခန်းပါဝင်ပြီး တားမြစ်ချက်များ၊ပြစ်ဒဏ်များ ၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်လက်ဖလှယ်ခြင်း ၊ တားဆီးကာကွယ်ခြင်းစသည့်အချက်များ လည်းပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071