Tuesday, June 23, 2026

ရန်ကုန်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရုံးအဆောက်အအုံများကို...

ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။ အဆိုပါ...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်ဟု မိုးဇလက ယနေ့ ဇွန် ၂၃...

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅)...

မသန်စွမ်းသူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကာ ဘဝအမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုးကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)...

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် “Great Heritage...

ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage –...
HomeNewsLocal Newsမိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး...

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။

လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့် အလှူငွေများ၊ 6000w sola ၂၄ စုံ၊ စတုပ စ္စယာနုဂ္ဂဟပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရုံးအဆောက်အအုံများကို ဇူလိုင် ၁ ရက်မှစ၍ ငလျင်အန္တရာယ် စစ်ဆေးမည်

ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။ အဆိုပါ ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို လာမည့် ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ မေးမြန်းချက်ကို...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်ဟု မိုးဇလက ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းတွင်အသိပေးခဲ့သည်။ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော် ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း (၃) လက်မခန့်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် မိုးကောင်းမြို့နယ်ရှိ ချောင်းကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်...

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုး ဖွင့်လှစ်မည်

မသန်စွမ်းသူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိကာ ဘဝအမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်း (၅) မျိုးကို မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ထံမှ သိရသည်။ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) သည် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်းတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်၍ သင်တန်းအသစ်များ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ IT Training သင်တန်း (သင်တန်းကာလ ၄ လ)၊ Language Training သင်တန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071