Monday, December 8, 2025

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...

တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်သုံး၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေဟု...

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊...
HomeMyanmar Theatrical Traditionမိဘမဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့ချင်လို့...

မိဘမဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့ချင်လို့ ကိုယ်ပိုင်ဇာတ်အဖွဲ့ တည်ထောင်လိုက်တဲ့ ချစ်စွမ်းသာ

chitswan

ချစ်စွမ်းသာက ဇာတ်သဘင်လောကမှာ ၁၃ နှစ်ကျော် ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ ကိုယ်ပိုင်ဇာတ်အဖွဲ့ကို တည်ထောင်နိုင်ခဲ့ပါပြီ။ သူဟာပန်တျာ ကျောင်းဆင်းတစ်ဦးလည်းဖြစ်သလို၊ ရွှေမန်းဦးချမ်းသာရဲ့ ဇာတ်အဖွဲ့မှာလည်း မင်းသား တစ်ဦးအဖြစ်ကပြခဲ့ပါတယ်။ ကိုယ်ပိုင်ဇာတ်တည်ထောင်နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် အရင်ထက်ပိုမိုကြိုးစားသွားမှာဖြစ်ပြီး အစ်ကိုလိုဖြစ်နေတဲ့ မြို့ရွှေမန်းသား ဖိုးချစ်ကလည်း အနုပညာနဲ့ ဖျော်ဖြေရေးပိုင်းဆိုင်ရာများ၊ မြန်မာမှုများကိုအဓိကထား တင်ဆက်ဖို့နဲ့ ဇာတ်ဖွဲ့စည်းပုံဖွဲ့စည်းနည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပေးတယ်လို့ ချစ်စွမ်းသာက ပြောပါတယ်။ သူ့ရဲ့ ဇာတ်အဖွဲ့ နာမည်က တော့ ” ရွှေမန်းသားလေးချစ်စွမ်းသာကတဲ့ ရွှေလာဘ်ငွေလာဘ်ဇာတ်သဘင်” လို့ အမည်ပေးထားပြီး ဇူလိုင်လတစ်လလုံး တီးလုံးတိုက်သွားမှာဖြစ်ကာ သြဂုတ်လမှာ တော့ မန္တလေးမှာ စတင် ကပြသွားမယ်လို့ သိရပါတယ်။ ဇာတ်အဖွဲ့ရဲ့ တင်ဆက်မှုတွေ အနေနဲ့ကတော့ အမယ်စုံအောင် တင်ဆက်သွားမှာဖြစ်ပြီး နောက်ပိုင်း ဇာတ်တော်ကြီးကို လည်း သူကိုယ်တိုင်ကပြတင်ဆက်သွားမှာဖြစ်တယ်လို့ ချစ်စွမ်းသာကပြောပါတယ်။

” ကျွန်တော်ကတော့ ယဉ်ကျေးမှုကျောင်းဆင်းဖြစ်တဲ့အတွက် ဆိုငိုပြောကတော့ စိမ်းမနေဘူး။ ပန်တျာကျောင်းကတည်းက အခြေခံကို ပါခဲ့ပြီးပြီဆိုတော့လေ။ ထပ်ပြီး လေ့လာစရာရှိတာတွေကိုတော့ ထပ်ပြီးလေ့လာရဦးမှာပါ။ ပြီးတော့ကျွန်တော်တို့ ဇာတ် သဘင်မှာက ပစ္စည်းပိုင်းဆိုင်ရာတွေက စကားပြောလာပြီဆိုတော့ LED တွ၊ အသံ ပိုင်းဆိုင်ရာတွေကလည်း ပံ့ပိုးမှုတစ်ခုဖြစ်တဲ့အတွက် အဲဒါတွေကို ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတယ်။ အဲဒီ အပိုင်းအပြင် ပညာရှင်ပိုင်းဆိုင်ရာ ကိုလည်း ဇာတ်အဖွဲ့ကြီးတွေမှာ ပါဝင်တင်ဆက်ခဲ့တဲ့ ဇာတ်သဘင်ပညာရှင်တွေကိုလည်း ကျွန်တော့်ဇာတ်မှာ ခေါ်ထားတယ်။ ကျွန်တော့်ဇာတ်မှာ မင်းသား၊ မင်းသမီးတွေကလည်း ပန်တျာကျောင်းဆင်းတွေများပါတယ်။ ငယ်ငယ်လေးတွေများပါတယ်။ ကျွန်တော် တို့ကတော့ သူတို့ ထက်စာရင် နည်းနည်းပိုပြီး သမ္ဘာ ရှိတဲ့အတွက် သူတို့ကိုတွဲခေါ်သွား မယ်။ ဆက်တင်ပိုင်းဆိုင်ရာမှာလည်း အော်ပရာဆိုလည်း အော်ပရာနဲ့တူအောင်၊ ပြဇာတ်ဆိုရင်လည်း ပြဇာတ်နဲ့တူအောင် ဆက်တင်အခမ်းအနားတွေကို ကောင်းကောင်း မွန်မွန် လုပ်ထားတယ်” လို့ သူ့ရဲ့ ကြိုးစားထားမှု အပိုင်းကို ချစ်စွမ်းသာ ကပြောပါတယ်။ သူကမြန်မာမှု အနုပညာကို ချစ်မြတ်နိုးတဲ့အတွက် မြန်မာ့ဇာတ်သဘင်ပိုင်းကိုပဲ တောက်လျှောက်သွားမှာဖြစ်ပြီး ရုပ်ရှင်ပိုင်းကို ကူးဖို့တော့ မရှိပါဘူးလို့ ပြောပါတယ်။ အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ဆောင်လေ့ရှိတဲ့ သူ က ကိုယ်ပိုင်ဇာတ်အဖွဲ့ တည်ထောင်ခြင်းကလည်း အလှူအတန်းတွေကိုပိုမိုလုပ်ဆောင်နိုင်ချင်လို့ ဖြစ်သလို မိဘမဲ့ကလေးငယ်တွေကို ပိုမိုထောက်ပံ့ပေးနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ သိရ ပါတယ်။

” ကျွန်တော့်အနေနဲ့ တစ်ကိုယ်ရေတစ်ကာယသမားဆိုရင်တော့ သူများဇာတ်အဖွဲ့ မှာလိုက်ကရင်းနဲ့ ဦးနှောက်လည်း သိပ်ရှုပ်စရာမရှိဘူးလေ။ ဒါပေမဲ့ကိုယ်ပိုင်ဇာတ် တည်ထောင်တဲ့အခါမှာ စီးပွားရေးအရ လည်းပိုပြီးတော့ အဆင်ပြေလာမယ် ထင်ပါ တယ်။ အဆင်ပြေမှလည်း ကျွန်တော့်စိတ်ကြိုက်လှူနိုင်၊ တန်းနိုင်မယ်လေ။ အဓိကတော့ ကျွန်တော့်ရည်ရွယ်ချက်က အဲဒါပါပဲ။ မိဘမဲ့ကလေးငယ်တွေကို ကူညီချင်တယ်။ ကိုယ်နဲ့ဘဝတူ လူသားတွေကို စာနာတယ်” လို့ ချစ်စွမ်းသာက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071