Wednesday, May 6, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalမိတ်ဖက်နိုင်ငံများနှင့်လုံခြုံရေးသဘောတူညီချက်လက်မှတ်ထိုး-ယူကရိန်း

မိတ်ဖက်နိုင်ငံများနှင့်လုံခြုံရေးသဘောတူညီချက်လက်မှတ်ထိုး-ယူကရိန်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅

ယူကရိန်းသမ္မတ ဗလိုဒိုမီယာ ဇလန်စကီ က တနင်္လာနေ့တွင် ယူကရိန်းနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၂၈ ခု ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတရုံး ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ကိယက်ဗ်မြို့ရှိ နိုင်ငံခြားခေါင်းဆောင်အများအပြား တက်ရောက်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဇလန်းစကီး က ဤသဘောတူညီချက်များသည် ဥရောပတွင် လုံခြုံရေးအာမခံချက်များအတွက် အခြေခံအုတ်မြစ်များဖြစ်ကြောင်းပြောကြားခဲ့သည်။

“ယခုကနဦး စာချုပ်တွေအပေါ် အခြေခံပြီး ယူကရိန်းနဲ့ ဥရောပနိုင်ငံအားလုံးအတွက် တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အတွက် ထိရောက်မှုရှိပြီး လုံလောက်တဲ့အာမခံချက်ရှိတဲ့ စနစ်တစ်ခုကို အတူတကွဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ်” ဟု ဇလန်းစကီး က ပြောကြားခဲ့သည်။

ဇလန်းစကီးက ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သော ဤသဘောတူညီချက်များသည် ယူကရိန်းနိုင်ငံ၏အကျပ်အတည်းများ တိုးများလာခြင်းမှ ကာကွယ်ရန် ရည်ရွယ်ထားပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် မိတ်ဖက်နိုင်ငံများကို တောင်းဆိုခဲ့သည်။

ဇလန်စကီ က ယူကရိန်းနိုင်ငံ၏ လေကြောင်းကာကွယ်မှု တိုးတက်ဖွံ့ဖြိုးရန် အထူးလိုအပ်ကြောင်း အသားပေးပြောကြားခဲ့ပြီး ဥရောပ၏ လေကြောင်းကာကွယ်ရေးအခြေခံစနစ် ကိုရေးဆွဲချမှတ်ရန်လည်း အရေးကြီးကြောင်းပြောဆိုခဲ့သည်။

တနင်္လာနေ့သည် ယူကရိန်းနိုင်ငံ အကျပ်အတည်း သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဖြစ်ပြီး နိုင်ငံခြားခေါင်းဆောင် အများအပြား ယူကရိန်းကို ရောက်ရှိလာခဲ့ကြပါသည်။

ဧည့်သည်တော်များထဲတွင် ဥရောပကော်မရှင်ဥက္ကဌ အာဇူလာဗွန် ဒဲရ် လေးယန်း၊ ဥရောပကောင်စီဥက္ကဌ အန်တိုနီယို ကိုစတာ၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရုဒိုး နှင့် စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်ရှေး တို့ ပါဝင်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071