Tuesday, September 1, 2026

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းပွဲစဥ်မှဖြစ်စဥ်များအတွက် ပြစ်ဒဏ်များချမှတ်

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က တောင်ဥက္ကလာပမြို့ နယ်ရှိ ပဒေသာကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊...

ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တ ရာယ်မဖြစ်စေရေးအတွက် စာသင်...

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊...

ချင်းတွင်းမြစ်အတွင်းပြုပြင်နေသည့် သင်္ဘောတစ်စီးမှမီးခိုးထွက်လာ၍ အချိန်နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း...
HomeMoviesမိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက်...

မိတ္ထီလာမြို့ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စက်တင်ဘာ ၁၉ ရက်တွင်စတင် ကျင်းပမည်​

မိတ္ထီလာ၊ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ (၁၄၃) ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။​

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားပွဲ၊ ဈေးဆိုင်တန်း အရောင်းဆိုင်များ၊ ချားရဟတ်များ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။​

ပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း နေရာချထားပေးသည့် ဖောင်တော်ဦးစေတီတော်လမ်း၊ ဓမ္မသုခ ရွှေစည်းခုံစေတီအနီး၊ နန်းတော်ကုန်းရပ်ကွက်နှင့် မိတ္ထီလာမြောင်းကန် အနီးအနားများတွင် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။​

ထို့ပြင် ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများ အေးချမ်းပျော်ရွှင်စွာ လည်ပတ်သွားလာနိုင်ရေးအတွက် ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် လုံခြုံရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး စသည့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။​

ပွဲတော်ကာလအတွင်း သီရိမင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာခန်းမ၌ ‘အောင်ဇမ္ဗူ’ ဇာတ်သဘင်အဖွဲ့မှ လာရောက်ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ အစဉ်အလာမပျက် ပါဝင်သည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကိုလည်း အကြီးတန်းနှင့် အငယ်တန်း ခွဲခြားကျင်းပသွားမည်ဖြစ်သည်။​

အဆိုပါ လှေပြိုင်ပွဲသို့ မိတ္ထီလာမြို့ပေါ် ရပ်ကွက်များနှင့် မိတ္ထီလာကန်အနီးရှိ လူခင်းကြီး၊ နွားသန့်တောင်၊ အင်းပတ်လည်၊ အုတ်နဲဘုတ် စသည့် ကျေးရွာများမှ ပြိုင်ပွဲဝင် လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းပွဲစဥ်မှဖြစ်စဥ်များအတွက် ပြစ်ဒဏ်များချမှတ်

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က တောင်ဥက္ကလာပမြို့ နယ်ရှိ ပဒေသာကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊ ပွဲစဉ်အမှတ်(၆)၏ ရန်ကုန်စီးတီး FC နှင့် ရှမ်းယူနိုက်တက် FC ပွဲစဉ်တွင်ဖြစ် ပွားခဲ့သောဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်း ကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ ကော်မတီက ပွဲစဥ်ယှဥ်ပြိုင်နေစဥ်အတွင်း ကွင်းလယ်ဒိုင်မှ နှစ်ဖက်အသင်းကစားသမား(၂)ဦးအား အနီကတ်ပြထုတ်ပယ်ခြင်းသည် မှန်ကန်သည်ဟုဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင်နန္ဒကျော်တို့သည်...

ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တ ရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာ ယီပိတ်ခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့...

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  ထို့ကြောင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးသင့်နေသူများကို ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေ(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၆) လက်မခန့်မြင့်တက်လာပြီး မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071