Wednesday, May 6, 2026

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...

လားရှိုးတွင် မိုးရွာသွန်းပြီးလေပြင်းတို-က်် ပျ-က်စီးမှုများဖြစ်ပေါ်

ရှမ်ူပြည်နယ်၊ လားရှိုးမြို့တွင် ယနေ့ မေ ၆ ရက်နေ့လည် ၃ နာရီခန့်က မိုးရွာသွန်းပြီးလေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ကာ ပျ-က်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျခြင်း၊ သွပ်များ၊...

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...
HomeArticlesမိခင်တစ်ယောက်ရဲ့ လက်စွဲ

မိခင်တစ်ယောက်ရဲ့ လက်စွဲ

ကလေးတွေ၊ လူငယ်တွေကို ဘယ် လိုပြုစုပျိုးထောင်ပေးကြမလဲ ဆိုရာမှာ သူတို့ ကိုယ့်ဗိုက်ထဲမှာရှိ က တည်းက စလုပ်ကြရပါမယ်။ ကျွန်မ မှာ အရွယ်ရောက်ပြီဖြစ်တဲ့ သမီးနဲ့ သားနှစ်ယောက်ရှိပါတယ်။ သူတို့နဲ့ အတူဖြတ်သန်းခဲ့တဲ့ မိခင်တစ် ယောက်ရဲ့အတွေ့အကြုံကို ဝေမျှချင် ပါတယ်။
ဆုံးမပဲ့ပြင်မှုတွေနဲ့ပတ်သက်ရင် မမှားတဲ့မိဘ(ဒီလိုလေးပြောလိုက် ရင် ကောင်းသားဆိုတဲ့ နောင်တမျိုး ပေါ့) မမှားတဲ့သားသမီးဆိုတာမရှိပါဘူး။ မိဘနဲ့သားသမီးအတွက် အကောင်း ဆုံးလက်စွဲစာအုပ်ဆိုတာလည်းမရှိ ပါဘူး။ ကိုယ့်အရပ်ကိုယ့်ဇာတ်နဲ့က ရတာတွေကလည်း အများသားပဲ လေ။ မိဘတွေရဲ့မျှော်လင့်ချက်၊ လောဘတွေကလည်း ကမ္ဘာတပတ် စာလောက်များတတ်တာမို့ ကျွန်မတို့ ကိုယ်တိုင်လည်း မျှော်လင့်ချက်တွေ ကို ကိုင်တွယ်တတ်မှသာစိတ်နာကျင် မှုအနည်းဆုံးဖြစ်မှာပါ။

၁။ သန္ဓေစိတ်

ကလေးတွေကို ကိုယ်ဝန်ရှိနေ ချိန်မှာ ဖြစ်ခဲ့တဲ့စိတ်ဟာ သူတို့အ ပေါ် အများကြီး သက်ရောက်ပါတယ်။ သမီးကြီးကိုယ်ဝန်နဲ့တုန်းက ဂုဏ်ထူး တန်းတက်နေချိန်၊ စာတအားကျက် နေချိန်မို့ သမီးဟာ စာဖတ်အလွန် ဝါသနာပါလာတယ်။ စာလုပ်ဖို့ မတိုက်တွန်းရဘူး။ အိမ်ထောင်ကျခါ စမို့ ငညူတေ တွေနဲ့ အဆင်ပြေအောင် မပေါင်းသင်းတတ်၊ အိမ်ထောင်တစ် ခုရဲ့ လူမှုဆက်ဆံရေး အိမ်တွင်းမှုကိစ္စ အားလုံးကို ကျင့်သားမရသေးဘဲ ရင် ဆိုင်ရတော့ ကိုယ်ဝန်နဲ့ စိတ်ကအရမ်း တိုတတ်တယ်။ အဲဒါကြောင့်ပဲ သမီး ကြီးဟာ စိတ်ဆတ်ပြီး မာန်ကြီးတယ်။

သားကိုယ်ဝန်နဲ့ကျတော့ အေး ဆေးတည်ငြိမ်နေပြီမို့ ဘုရားခန်းမှာ တရားတွေ ပူဇော်ရင်း အေးချမ်းစွာ ဖြတ်သန်းခဲ့တယ်။ ဒါကြောင့် သား လေးဟာ နူးညံ့တယ်၊ ချစ်တတ်တယ်၊ ဘာသာတရားကို အရွယ်နဲ့မလိုက် အောင် ကိုင်းရှိုင်းတယ်။ စာကလွဲရင် အားကစား၊ လူမှုရေးတွေတော်တယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်ဟာ အလွန် အရေးကြီးတဲ့အချိန်မို့ မိခင်ရော၊ ကိုယ့်အသိုင်းအဝိုင်းတစ်ခုလုံးကပါ တန်ဖိုးထားနေထိုင်ရမယ့် အချိန်ပါပဲ။

၂။ လေ့ကျင့်မှု
ဘဝမှာ အောင်မြင်ဖို့ဟာ ကျောင်းစာ တစ်ခုတည်းမဟုတ်လို့ လူမှုဆက်ဆံရေးပညာ၊ အနုပညာ၊ ကျန်းမာကြံ့ခိုင်မှု၊ ဝီရိယထည့်တတ် ဖို့ ၊ ဘာသာရေးက ပြဆိုထားတဲ့ ဘဝ နေနည်း အတတ်ပညာတွေကို လေ့ ကျင့်နိုင်အောင် လမ်းကြောင်းပေး ပါတယ်။ ငယ်စဉ်ကတည်းက အိမ် အလုပ်တွေ ကူလာရတဲ့ကလေးဟာ အရွယ်ရောက်လာရင် လုံးဝမပျင်းပါ ဘူး။ မိဘက အချစ်လွန်ပြီး ရွှေပေါ် မြတင်ထားခဲ့တဲ့ ကလေးတွေဟာ အ ရွယ်ရောက်လာရင် တာဝန်မယူတတ် တာ၊ စိတ်ပျော့တာ၊ ရင်မဆိုင်ရဲ တတ်တာတွေဖြစ်ပါတယ်။

တချို့ကိစ္စတွေက ပြဿနာနဲ့ ကြုံလာမှ သင်ပေးရတာတွေရှိပါ တယ်။ အန္တရာယ်ကို နည်းနည်း လောက်တော့သိပါစေ။ ဒီ့ထက်ဆိုး တဲ့ အန္တရာယ်မျိုးရဲ့ ရလဒ်ကို ကြို မှန်းတတ်သွားအောင်ပါ။ ဥပမာ ခပ် သေးသေးပြောရရင် သမီးကြီးငယ် တုန်းက မီးပူကိုကိုင်ချင်တယ်။ ကိုယ် ကပေးမကိုင်ဘဲ ပူပူလို့ပြောပြီး ဟန့် တယ်။ ပူပူဆိုတာ သူနားမလည် တော့ မီးပူတိုက်နေချိန် အလစ်မှာ မီးပူကို လက်ဖဝါးနှစ်ဖက်လုံးနဲ့ အား ရပါးရ လာဆုပ်ပါလေရော။ လက်ဖ ဝါးနှစ်ဖက်လုံး အရည်ကြည်ဖုကြီးတွေ ထ၊ ငိုရင်းအိပ်မောကျသွားတဲ့ သမီး ကို ကြည့်ရင်းနောင်တရဖူးတယ်။ သူ လုပ်ချင်တာကို နည်းနည်းလေးပေး လုပ်ပြီး အန္တရာယ်ကို သိစေတာဟာ ပိုအန္တရာယ်နည်းပါလားဆိုတဲ့ သင် ခန်းစာရခဲ့ဖူးတယ်။

ရည်းစားထားချင်လား ပေးထား လိုက်ပါ။ ရည်းစားထားဖို့ အားပေး ပါတယ်။ ဒါပေမဲ့ သူများသားသမီး ဒုက္ခတွေ့စေမယ့်အရာတွေ၊ ကိုယ်ကိုယ် တိုင်ဒုက္ခရောက်သွားနိုင်တာတွေကို တော့ ကြိုပြောပြထားပါတယ်။ သူတို့ အရွယ် ဒုက္ခရောက်နေတာတွေနဲ့ ဥပမာပေးပါတယ်။ ကိုယ်တိုင်ကြုံခဲ့ တာတွေ ရှင်းပြရင်းသင်ပါတယ်။ ဘယ်အရာကမှ ရာသက်ပန် မဟုတ် သေးဘူးဆိုတာ သိစေပါတယ်။ လက် တွဲဖော်ရွေးဖို့ ၃ ယောက်လောက် လေ့လာလို့ရတယ်လို့ပြောထားတယ်။
နိုင်ငံခြားမှာကျောင်းထားရင် သတိထားပါ။ တချို့နိုင်ငံသားတွေက ရိုင်းတာ၊ ရင့်တာမျိုးရှိချိန်မှာ ဘေးက မေတ္တာမဝန်းရံထားရင် သူတို့စရိုက် တွေက ၂ နှစ်လောက်ဆို သိသိသာ သာကူးစက်ပါတယ်။ ကိုယ့်ယဉ် ကျေးမှုပုံစံနဲ့ ကိုက်ညီအောင် တစ် ကိုယ်ကောင်းမဆန်တတ်အောင် သ တိထားပြောပေးပါ။
သူတို့ကျောင်းပြီးရင် ငါ့တာဝန် ပြီးပြီလို့ ထင်ထားတာမှားပါတယ်။ လူ့လောကအကြောင်း လုပ်ငန်းခွင် ဝင်မှ ပိုသင်နေရပါတယ်။ သူတို့ စီး ပွားနဲ့ဘဝအဖော်အကြောင်း အတူ လိုက်စဉ်းစားပေးရလို့ ပိုအလုပ်များ ပါတယ်။

သားသမီးကိုလမ်းညွှန်တဲ့အခါ ကိုယ်တိုင်က မေတ္တာပြည့်ဝနေ ဖို့က အရေးကြီးဆုံးပါ။ ကိုယ့်သား သမီးရှေ့မှာ ကိုယ့်မိဘ၊ ယောက္ခမ တွေ၊ နှစ်ဖက်အမျိုးတွေကို စောင့် ရှောက်တာ၊ ရိုသေတာတွေပြပါတယ်။ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ကမ္မဋ္ဌာန်းရိပ်သာ တွေခေါ်သွားပေး၊ လုပ်ပြပေးရပါ တယ်။ ဒါမှသူတို့ အတုယူတတ်မှာပါ။ ဘယ်ကိစ္စမဆို ဗှု(ဗစစမနခငအေငလနှုညဆကငမပ) လေးစားသမှုနဲ့ စနည်းနာ မေးမြန်းပြီးမှ အဖြေရှာတဲ့နည်းကို သုံးခိုင်းပါတယ်။

၃။ ယုံကြည်မှု
ကလေးတွေကို ယုံကြည်မှုထား ပေးတယ်။ သူတို့ကို စိတ်ဘယ်လောက် ပူနေပါစေ သူတို့ကို လေးစားပေး ယုံကြည်ပေးရပါတယ်။
သမီးကြီး ၈ တန်းမှာပဲ သူ့ ကျောင်းက အစီအစဉ်နဲ့ နိုင်ငံခြား စလွှတ်ပါတယ်။ ပြည်တွင်းသွားရင် လည်း ကျောင်းကစီစဉ်ရင် ထည့်ပေး တယ်။ သည်းပြီးနောက်ကလိုက်တာ မျိုး မလုပ်ပါ။ ခရီးမှာ ဖြစ်နိုင်ခြေရှိ တဲ့ အန္တရာယ်တွေ ကြိုပြောပြလိုက်ပြီး သတိနဲ့နေဖို့မှာပါတယ်။ သူတို့ ဝေယျာဝစ္စ အကုန်လုပ်မပေးပါ။ ကိုယ့်ကို ကူတတ်ဖို့ခိုင်းပေးရင်း လေ့ ကျင့်ပေးပါတယ်။ မိတ်ဆွေတွေနဲ့ လည်း သင်ဖို့လိုအပ်ပါတယ်။ အထူး သဖြင့် စီးပွားရေးသမားတွေနဲ့ အခြေ ခံကျကျ စကားပြောခိုင်းပါတယ်။

၎။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မှု
ကလေးတွေဟာ မိဘရဲ့စရိုက် ကို အတူနေနေ မနေနေရပါတယ်။ ဒါကြောင့်မိဘတွေဟာ မိမိကိုယ်ကို အမြဲပြုပြင်နေရပါတယ်။ ကိုယ် ပြောင်းလဲသလောက် သူတို့ပြောင်း လဲလာပါလိမ့်မယ်။ ဒါဟာ မျိုးရိုး ဗီဇ ပြုပြင်နည်းတစ်မျိုးပါပဲ။ ကျွန်မကိုယ် တိုင် အသက်ငါးဆယ်နားကပ်နေပြီ ဖြစ်လို့ လောကီလောကုတ်မျှအောင် လုပ်ပါတယ်။ အဓိက စာဖတ်ပါတယ်။ ဘာသာရေးဆို မဟာဗောဓိမြိုင် ဆရာတော်ကြီး၊ အောက်စဖို့ဒ်ဆရာ တော် ဦးဓမ္မသာမိ၊ ဦးဇောတိကစတဲ့ ဆရာတော်တွေ စီမံခန့်ခွဲမှုတွေအ တွက်ဆို ခြွမတေံငူယျြွံကငိန က ထုတ်တာတွေဖတ်ပါတယ်။ အဲဒါ တွေဟာ ကိုယ့်အတွက်ရော ကလေး တွေကို ပြောပြဖို့အတွက်ရော အ သုံးဝင်ပါတယ်။

ဘယ်လိုလောကဓံကြုံကြုံ ရင် ဆိုင်ပြ၊ ကျော်လွှားပြဖို့ အတွေးအား တွေ ကောင်းနေအောင် လေ့ကျင့် နေရပါတယ်။ ဒါမှ ကိုယ့်ကိုကြည့်ပြီး သူတို့လည်းနေတတ်၊ ရင်ဆိုင်တတ် မှာ ဖြစ်ပါတယ်။ ကလေးတွေကိုလည်း သူများအကြောင်း အတင်းချပြော သလိုပြောခြင်းထက် ပြဿနာနဲ့အဖြေ ခွဲပြတဲ့အပြောမျိုးနဲ့ပဲ ပြောပါတယ်။
ကိုယ်လည်းအချိန် မရွေး မှား နိုင်တာမို့ သူများမှားတာ တွေကို အပြစ်ပြောဖို့ထက် သင်ခန်းစာယူ တတ်တဲ့အမြင်နဲ့ မြင်ကြည့်ဖို့ပဲလေ့ ကျင့်ပေးပါ။
မိဘရဲ့ တာဝန်တွေထဲမှာ ဘဝကိုသံသရာမှ လွတ်မြောက် သွားစေနိုင်တဲ့ လမ်းကြောင်းတွေ ဝိုင်းရှာပေးဖို့အဓိကပါ။ အာရုံနဲ့စိတ် တို့ တိုက်ရာကဖြစ်ပေါ်လာတဲ့ အ ကျိုးတွေကော၊ အကြောင်းရင်းမြစ် တွေကော သိအောင်လုပ်ပေးဖို့ဟာ စော တယ်လို့မရှိပါဘူး။ အဲ့သလို လမ်းပြနိုင်ဖို့ ကိုယ်တိုင်လည်း ကျင့် ကြံအားထုတ်ထားရပါမယ်။

၅။ ပျော်ရွှင်မှု
စည်းကမ်းတွေနဲ့ မောင်းနေလို့ မပျော်ရွှင်ရတာမျိုးတော့ မလုပ်မိပါ စေနဲ့။ ကိုယ်တိုင်လည်း ဘရိတ်မအုပ် မိတတ်တဲ့အခါတွေ ရှိပါတယ်။ အဲဒီ လိုမျိုးဆို ရလဒ်ကောင်းတွေ မရနိုင် ပါဘူး။ သူတို့စိတ်ဓာတ်မကျသွားဖို့ လည်း အရေးကြီးပါတယ်။ အရင်း နှီးဆုံးသူတွေဟာ ပြဿနာအဖြစ် ဆုံးတွေမို့ မိဘနဲ့သားသမီး စကားများ လေ့ရှိကြတာ အဆန်းမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ဒီလိုရေးပြ နေလို့ သားသမီးနဲ့ ဆက်ဆံရေးမှာ အောင်မြင်အဆင်ပြေလှတယ်မဟုတ် ပါဘူး။ ကိုယ်ပြောလို့ ၇ဝ % အဆင် ပြေရင်ကိုပဲ ကျေနပ်လိုက်ရပါတယ်။

အခုလို ဖုန်းတစ်လုံးနဲ့ သညူငညန ပေါ်နေတဲ့ ခေတ်ကြီးဟာလည်း သူ တို့အတွက် လုံလောက်တဲ့ လူမှုရေး နယ်ပယ်မဟုတ်ဘူးဆိုတာ သိပါစေ။ အိမ်မှာ ငြိမ်နေရင် ပြီးတာပဲဆိုပြီး ဖုန်းနဲ့ဂိမ်းဆော့နေတဲ့အပျော်ထက် လက်တွေ့ပြင်ပမှာ တကယ် ပျော် ရွှင်ပြီး၊ လူမှုအသိုင်းအဝိုင်းမှာ အသုံး ဝင်နိုင်တဲ့ နေထိုင်ခြင်းတွေကို ဝိုင်း စဉ်းစားပေးပါ။

သဘာဝတရားကို တန်ဖိုး ထားမြတ်နိုးပြီး ကိုယ်နေထိုင်ရာ ကမ္ဘာ မြေကို အကျိုးပြုရင်း ပျော်ရွှင်တတ် အောင်လုပ်ပေးရမယ့်တာဝန်က မိဘ တိုင်းရဲ့ဝတ္တရားပါ။ ကျွန်မကိုယ်တိုင် လည်း ကျွန်မမိဘတွေရဲ့ လေ့ကျင့်ပျိုး ထောင်မှုကြောင့် အလုပ်ကိုမညည်း ညူတတ်၊ လောကဓံကို ရင်ဆိုင်တတ်၊ ပျော်စရာမဖြစ်ဖြစ်အောင် နေထိုင် တတ်လာလို့ မိဘကျေးဇူးအာရုံပြု တိုင်း ကြည်နူးရပါတယ်။

ချစ်ခြင်းဖြင့်
ငွေသော်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071