မာလီ၊ ဘာကီနာဖာဆိုနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ) အဖွဲ့ဝင်နိုင်ငံများအဖြစ်မှ နှုတ်ထွက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။
စစ်တပ်က အုပ်ချုပ်သော အနောက်အာဖရိကသုံးနိုင်ငံ၏ ပူးတွဲေကြညာချက်တွင် တရားရုံး၏ တရားစီရင်ပိုင်ခွင့်သည် နယ်ချဲ့ဝါဒလက်ထဲတွင်ကိုလိုနီ လက်သစ်ဝါဒ၏ ဖိနှိပ်ချုပ်ချယ်မှု၏ လက်နက်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ကြောင်း ပြောကြားထားသည်။
သို့ဖြစ်၍ အိုင်စီစီသည် ကမ္ဘာတစ်ဝန်း၌ လိုရာစွဲ တရားရေးစနစ် နမူနာတစ်ခုဖြစ်လာခဲ့သည်ဟု အထပ်ပါအိမ်နီးချင်းသုံးနိုင်ငံက စွပ်စွဲခဲ့သည်။
အိုင်စီစီသည် သက်သေအထောက်အထားရှိသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုများနှင့် ကျုးကျော်သော ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ တရားစွဲဆိုနိုင်ခြင်းမရှိကြောင်းကို သက်သေပြခဲ့ပြီးဖြစ်သည်ဟု အဆိုပါ အနောက်အာဖရိကစစ်အစိုးရများက ပြောကြားခဲ့သည်။
အဆိုပါသုံးနိုင်ငံသည် အနောက်အာဖရိကနိုင်ငံများ၏စီးပွားရေးအသိုက်အဝန်း(ECOWAS)မှ နှုတ်ထွက်ခဲ့ရာတွင်လည်း အလားတူအကြောင်းပြချက်ကို ပေးခဲ့ကြသည်။
ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တို့ ကျစ်လစ် ခိုင်မာရေးအတွက် ပြည်တွင်းယန္တရားများကို ထူထောင်လိုကြောင်းလည်း ယင်း သုံးနိုင်ငံက ပြောကြားခဲ့သည်။ Ref: ဒီဒဗ္ဗလျူ
မာလီ၊ဘာကီနာဖာဆိုနှင့်နိုင်ဂျာတို့က အိုင်စီစီမှ နှုတ်ထွက်ကြောင်း ကြေညာ
