မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားလာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူများ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရေးလိုအပ်သည်များကို စီမံဆောင်ရွက်ထားရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။
သြဂုတ် ၂၇ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌမှ နေ ပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုစဥ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပ ကအဖွဲ့ရုံး၏ တာဝန်ရှိသူများအားတွေ့ဆုံမှာကြားခဲ့ခြင်းဖြစ်သည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ စိတ်လက်ချမ်းသာစွာဖူးမြော်နိုင်ရေးလိုအပ်သည်များကို စီမံဆောင်ရွက်ထားရန်၊ ရုပ်ပွားတော်မြတ်ကြီးနှင့်ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊သန့်ရှင်းသာယာပြီးကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးတို့အတွက် လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်၊ဂန္ဓာကုဋိတိုက်များ၊ကျောက်စာရုံစေတီတော်များအတွင်းတို့ကို လှည့်လည်ကြည်ညိုပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများကို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။




