ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အ.က.က (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် KG-Grade 1 နှင့် မူကြိုသင်နည်းပြစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ ဆရာ၊ ဆရာမများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေ ၁၄ ရက်မှ မေ ၂၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၃၄ ဦးအား နည်းပြ ၁၂ ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းမှတစ်ဆင့် KG-Grade 1 နှင့် မူကြိုသင်ကြားရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ အထောက်အကူပြုနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
