Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeNewsLocal Newsမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် နစက...

မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် နစက ဥက္ကဋ္ဌနှင့်ဇနီး ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ယနေ့ မေ ၇ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များ၊ အစိုးရအ ဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားကာ ခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကိုတက်ရောက်သွားမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသို့သွားရောက်မည့်ချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုး တက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌနှင့်အတူ ရုရှားနိုင်ငံသို့ တစ် ပါတည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း၌ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ပြီးခဲ့သည့် မတ် ၃ ရက်မှ မတ်လ ၁၀ ရက်နေ့ အထိ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဥ်အဖြစ် ရက်ရှည်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရန်၊ ပိုမိုတိုးတက်ခိုင်မာရန်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071