Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeDhammaမဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်

မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်

ယခုနှစ်တတိယအကြိမ် ဘုရားဖူး ခုနှစ်တတိယအကြိမ် ဘုရားဖူး  ခရီးစဉ်အဖြစ် ပြည်မြို့သို့ ဖေ ဖော်ဝါရီလ ၉ ရက်နေ့ညတွင်သွားဖြစ်ခဲ့ သည်။ ညီအလတ်နှင့် ပြည်မြို့နေ တူ၊ တူမတို့ စီစဉ်ပေးမှုကြောင့် အ ကောက်တောင် ရွှေမြင်းတင်စေတီ တော်မြတ်နှင့် ပရဟိတလုပ်ငန်းလုပ် ကိုင်နေကြသူများ တိုင်တည် ဆု တောင်း၊ မေတ္တာပို့၊ သစ္စာဆိုအဓိဋ္ဌာန် ပြုနိုင်ရန်၊ သာသနာတော် တည်တံ့ ပြန့်ပွားစေရန်၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းသော မျိုး ဆက်သစ်လူငယ်လူရွယ်များ ပေါ် ထွန်းစေရန်၊ ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော နေရာသစ်တစ်ခု ပေါ်ထွန်းလာစေရန်ဟူသော ရည် ရွယ်ချက်ဖြင့် ဦးကျော်သူ (နာရေး ကူညီမှုအသင်း – ရန်ကုန်) တည်ထား သည့် မဟာပဏီတ ပရဟိတအောင် တော်မူစေတီတော် တို့ကို ဖူးလိုစိတ် ဆန္ဒပြည့်ဝခဲ့ရသည်။

မဟာပဏီတ ပရဟိတအောင် တော်မူစေတီတော်ကို ပြည်မြို့တစ် ဖက်ကမ်း၊ နဝဒေးတံတားကြီးလက် ယာဘက်တွင် ကိန်းဝပ်တော်မူလျက်ရှိ ပေသော မူနိလေးဆူ ရွှေဘုံသာမုနိဘု ရားကြီး၏ဘေး မြေနီလမ်းအတိုင်း သွားပါက ငါးမိုင်ခန့်အကွာ တောင် ကုန်းပေါ်တွင် တည်ထားခြင်းဖြစ် သည်။  ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗျာဒိတ်တော်ပေးဖူး သည်ဟုအဆိုရှိသော ဖိုးဦးတောင်စေ တီနှင့် ရွှေဘုံသာမုနိစေတီတော်နှစ်ဆူ ကိန်းဝပ်ရာအကြားရှိ တောင်ကုန်း ဖြစ်သည်။ တောင်ကုန်း၏ တောင် ဖက်တွင် ဧရာဝတီမြစ်ရှိပြီး တစ် ဖက်တွင် တောင်ကုန်းတောင်တန်း များအစီအရီတည်ရှိနေခြင်းကြောင့် လွန်စွာသာယာ ကြည်နူးဖွယ်ဖြစ် သည်။

ယင်းတောင်ကုန်းပိုင်ရှင် ဦး အောင်ခိုင်ကျော်သည် သဒ္ဓါတရား ထက်သန်စွာဖြင့် ဘုရားတည်ရန် အတွက် ဦးကျော်သူအား လှူဒါန်းခဲ့ သည်။ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘုရားတည်ရန် သာသနိကအ ဆောက်အအုံများ စတင်စီစဉ်ပြီး ထို တောင်ကုန်းအား ပရဟိတတောင် တော်ဟု အမည်ပေးသမုတ်ခဲ့သည်။

ပြည်မြို့နှင့် ပန်းတောင်းမြို့ရှိ ဆရာတော်ကြီးများထံမှ သြဝါဒခံယူ ပြီး စေတီကိုတည်ရန် စီစဉ်ရာ ဒီပါ အေးမြဆရာတော်သည် ပုဂံဗိသုကာ ပညာရှင်များ၏ လက်ရာအတိုင်း တည်ထားရန် လမ်းညွှန်ပြခဲ့သည့် အတိုင်း စေတီကို တည်ထားခြင်းဖြစ် သည်။  စေတီတော်သည် အရပ်လေး မျက်နှာကို မျက်နှာမူထားသည့် ဝင် ပေါက်မုခ်လေးခုပါရှိသော လေး ထောင့်တိုက်ခံစေတီတော်ဖြစ်သည်။စေတီတော်၌ စေတီရံရှစ်ဆူတည် ထားသည်။ စေတီတော်၏ မုခ်လေး မုခ်တွင် အမြင့်သုံးပေခန့်ရှိ ပလ္လင် ထက်တွင် ကိန်းဝပ်တော်မူလျက်ရှိ သည့် ၄ ပေခန့်ရှိ မုဒြာဆင်းတုတော် တစ်ဆူစီစံပယ်တော်မူလျက်ရှိသည် ကို ဖူးတွေ့ရသည်။ ယင်းဆင်းတု တော်များသည် မန္တလေးတိုင်းဒေသ ကြီး၊ မတ္တရာမြို့နယ်၊ မြောက်ဘက် ၂၇ မိုင်ခန့်ရှိ စကျင်ရွာမှ ထုဆစ် သော စကျင်ကျောက်ဆစ်ဆင်းတု တော်များဖြစ်သည်။  မဟာပဏီတ ပရဟိတအောင် တော်မူ စေတီတော်မုခ်မှ ဝင်လိုက် သည်နှင့် နံရံများတွင် မဟာဗုဒ္ဓဝင် ဇာတ်လမ်းကို နတ်ဗြဟ္မာများက စု တေရန် လျှောက်ထားတောင်းပန် သည်မှ ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော် မူခန်းထိ အကန့်လိုက်ရေးဆွဲထား သော ဆေးရေးပန်းချီများကို ဖူးမြင် ရမည်ဖြစ်သည်။

ထို့ပြင်အောင်ခြင်း ရှစ်ပါးပန်းချီကားများလည်း ကြည် ညိုသပ္ပါယ်ဖွယ်အတိ ဖြစ်သည်။  စေတီတော်၏ ပရဝုဏ်အတွင်း ၌ ဘီလူးခံဘုရား၊ နဂါးရုံဘုရား၊ ကံ ငါးပါးစေတီတော်၊ မဟာဗောဓိပင်တို့ ကို ဖူးမြင်ရမည့်အပြင် နှစ်သန်း ၃ဝ  ခန့်သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း ကျောက်လိပ်ကြီးကိုလည်း တွေ့ရှိရ ပေမည်။  ဖိုးဦးတောင်စေတီတော်တောင် တန်းကို ဘီလူးနဂါးတို့ စောင့်ရှောက် လျက်ရှိသည်ဟုဆိုကြ၊ ယုံကြည်ကြမှု တို့ကြောင့် ဘီလူး၏ ကျောထက်တွင် ဘူမိဖဿမုဒြာပုံ စကျင်ဆင်းတုတော် စံပယ်နေသည့် ဘီလူးပင့်ဘုရားနှင့် နဂါးရုံဘုရားကို တည်ထားခြင်းဖြစ် ပေသည်။  ဆရာတော် အရှင်ဆန္ဒာဓိက သည် စကျင်ဆင်းတုတော်များ ပင့် ဆောင်လာပြီးချိန်တွင် ပရဟိတ တောင်ပေါ်သို့ နှစ်ကြိမ်ကြွရောက် ဖူး မြော်ခဲ့ပါသည်။

ဒုတိယခေါက်တွင် ဆရာတော်သည် မေတ္တသုတ်တော် ကို ရွတ်ဖတ်သရဇ္ဇျယ်ပြီး ညအချိန်၌ ဘီလူးရုပ်ထုလုပ်မည့် အုတ်ခုံပေါ် တွင် စံပယ်တော်မူလျက်ရှိသော ဘူမိ ဖဿမုဒြာဆင်းတုတော်၏ နဖူးတော် မှ အလင်းတန်းများ ဖြာထွက်လာ သည့် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုဖူး မြော်ခဲ့ရသည်။ ကံငါးပါးစေတီ တည် ထားသော လိုဏ်အတွင်း၌ ကံငါးပါး မလုံသူ တို့ကျခံရမည့် ငရဲများကို ၃ီ ရုပ်လုံးကြွများဖြင့် ပြသထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပရဝဏ် အတွင်း ၁၁ မီးငြိမ်း သစ္စာ အောင် စေတီတော်ကိုလည်း တည်ထားရန် စီစဉ်လျက်ရှိပေသည်။  ပရဝုဏ်အတွင်း ကျောက်ရေ ကန်ဖြင့်ထားရှိသော ကျောက်ဖြစ်ရုပ် ကြွင်းကျောက်လိပ်ကြီးမှာ သက်တမ်း အားဖြင့် နှစ်သန်းပေါင်း ၃ဝ ရှိပြီး ဖြစ်သည်။ အလျား ၄ ပေ၊ အနံ ၃ ပေရှိသည်။ ပခုက္ကူနေ အလှူရှင်တစ် ဦးသည် တောထဲ၌ ယင်းရုပ်ကြွင်းကို  တွေ့ရှိသည့်အခါ လူအင်အား ၁၇ ယောက် ၁၈ ယောက်ခန့်ဖြင့် သယ်မ သော်လည်း မရရှိ၍ ချိန်းကြိုးများနှင့် သယ်မရာတွင်လည်း ချိန်ကြိုးများ ပြတ်တောက်ခဲ့သည်။ သို့နှင့်ကန် တော့ပွဲပေး၍ ရောင်းစားရန်မဟုတ် ဘဲ သာသနာပြုလုပ်ငန်းတွင် လှူ ဒါန်းပေးပို့မည်ဟု ကတိပြုသည့်အခါ မှ အလွယ်တကူမသယ်၍ ရရှိလေ သည်။ သို့ကြောင့် ယင်းအလှူရှင် သည် ဦးကျော်သူ၏ သာသနာပြုလုပ် ငန်းအတွက် လှူဒါန်းခဲ့ပေသည်။ ဘု ရားဖူးတို့ စိတ်ဝင်စားဖွယ်လေ့လာစ ရာဖြစ်သည်။

ဘုရားစေတီဝန်းတွင် စိုက်ပျိုး ထားရှိသော ပရိဘောဂစေတီမြောက် သည့် မဟာဗောဓိပင်ကလည်း ထူး ခြားလှသည်။ အိန္ဒိယဝန်ကြီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား အမှတ် တရလက်ဆောင်အဖြစ် ထူးခြားမြင့် မြတ်သော ဗောဓိညောင်ပင်တစ်ပင်  ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ရန်ကုန်သို့ပင့်ဆောင်လာ ပြီး ပခုက္ကူဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့သည်။ ဆရာတော်ကြီး ပျံ လွန်တော်မူပြီးချိန်တွင် ဆရာတော် ကြီး၏ မိန့်မှာချက်နှင့်အညီ ယင်း ဗောဓိညောင်ပင်ကို မဟာပဏီတ စေတီတည်ရှိရာ ဦးကျော်သူထံပေး အပ်ခဲ့သည်။ ပရိဘောဂစေတီထိုက် သော ယင်းဗောဓိပင်ကို ၂ဝ၁၄ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တောင်တော် ပေါ်၌ စနစ်တကျမြေချစိုက်ပျိုးခဲ့သည်။ နေ့စဉ်သေချာ ရေလောင်းဂရုစိုက် စိုက်ပျိုးခဲ့သော်လည်း ရာသီဥတုပူပြင်း မှုနှင့် မြေအနေအထားကြောင့် ထင် ပါသည်၊ ဗောဓိညောင်ပင်မှာ ရှင်သန် ခြင်းမရှိခဲ့ပေ။

သို့ပါ၍ ဗောဓိညောင် ပင် ရှင်သန်ခြင်းမရှိခဲ့သောနေရာ တွင် ဗောဓိညောင်ပင်တစ်ပင်ကို အ စားထိုးစိုက်ပျိုးသည့်အခါ ယင်းအပင် နှင့်အတူ ဗောဓိညောင်ပင် အပင် လေးပင် ထပ်ထွက်ရှင်သန်လာခဲ့ သည်။ စေတီတော်တွင်းဆင်းတု တော်လေးဆူ ကိန်းဝပ်တော်မူလျက် ရှိသည့်အတွက် ဗောဓိညောင်ပင် လေးပင်တိုးပွားလာသည်ဟု ယုံ ကြည်လျက်ရှိကြသည်။ ထူးခြားသည့် ဖြစ်စဉ်ပင်တည်း။ ဘုရားစေတီဝန်းတွင် စိုက်ပျိုး ထားရှိသော ပရိဘောဂစေတီမြောက် သည့် မဟာဗောဓိပင်ကလည်း ထူး ခြားလှသည်။ အိန္ဒိယဝန်ကြီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား အမှတ် တရလက်ဆောင်အဖြစ် ထူးခြားမြင့် မြတ်သော ဗောဓိညောင်ပင်တစ်ပင်  ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်သည် ရန်ကုန်သို့ပင့်ဆောင်လာ ပြီး ပခုက္ကူဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့သည်။ ဆရာတော်ကြီး ပျံ လွန်တော်မူပြီးချိန်တွင် ဆရာတော် ကြီး၏ မိန့်မှာချက်နှင့်အညီ ယင်း ဗောဓိညောင်ပင်ကို မဟာပဏီတ စေတီတည်ရှိရာ ဦးကျော်သူထံပေး အပ်ခဲ့သည်။ ပရိဘောဂစေတီထိုက် သော ယင်းဗောဓိပင်ကို ၂ဝ၁၄ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တောင်တော် ပေါ်၌ စနစ်တကျမြေချစိုက်ပျိုးခဲ့သည်။

နေ့စဉ်သေချာ ရေလောင်းဂရုစိုက် စိုက်ပျိုးခဲ့သော်လည်း ရာသီဥတုပူပြင်း မှုနှင့် မြေအနေအထားကြောင့် ထင် ပါသည်၊ ဗောဓိညောင်ပင်မှာ ရှင်သန် ခြင်းမရှိခဲ့ပေ။ သို့ပါ၍ ဗောဓိညောင် ပင် ရှင်သန်ခြင်းမရှိခဲ့သောနေရာ တွင် ဗောဓိညောင်ပင်တစ်ပင်ကို အ စားထိုးစိုက်ပျိုးသည့်အခါ ယင်းအပင် နှင့်အတူ ဗောဓိညောင်ပင် အပင် လေးပင် ထပ်ထွက်ရှင်သန်လာခဲ့ သည်။ စေတီတော်တွင်းဆင်းတု တော်လေးဆူ ကိန်းဝပ်တော်မူလျက် ရှိသည့်အတွက် ဗောဓိညောင်ပင် လေးပင်တိုးပွားလာသည်ဟု ယုံ ကြည်လျက်ရှိကြသည်။

ထူးခြားသည့် ဖြစ်စဉ်ပင်တည်း။  မဟာပဏီတ ပရဟိတအောင် တော်မူစေတီဖွင့်ပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပရဟိ တဥဒါန်းကျောက်စာတိုင်ရှေ့၌ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ဒီပါအေးမြဆရာတော်အမှူးပြု၍ ဘာသာရေးခေါင်းဆောင်သုံးဦးတို့ က ဗြဟ္မစိုရ်တရားထွန်းကားစေရန် ကမ္ဘာအဝန်းငြိမ်းချမ်းစေရန် ဆု တောင်းမေတ္တာပို့ခဲ့ကြသည်။  ယင်းစေတီတော်ကြီးနှင့် သာသ နိက အဆောက်အအုံများ တည် ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်သည်။ ရွှေထီးတော်တင်ရန် လည်း အသင့်ဖြစ်နေပြီဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ နှင့် စည်ကားလျက်ရှိနေသည်။ စေ တီတော်၏ အရှေ့ဘက်အရပ်တွင် ဘုရားဖူးများ နားခိုရန် ပန်းဥယျာဉ် မှာ သာယာလှသည်။ နာရေးကူညီမှု အသင်း (ရန်ကုန်) သို့ လှူဒါန်းထား ငွေများ လုံးဝ (လုံးဝ) မပါဝင်စေဘဲ ပရဟိတစိတ်ဓာတ်ရှိသော၊ ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြုကျင့် သုံးနေကြသော အလှူရှင်များ၊ ပရဟိ တအသင်းအဖွဲ့များမှ သီးခြားလှူဒါန်း  သော သာသနာပြုအလှူငွေများဖြင့် သာ တည်ထားခြင်းဖြစ်သည်။ သို့ပါ ၍ စေတီတော်နှင့် သာသနိက အ ဆောက်အအုံများ ရာနှုန်းပြည့်ပြီးစီး စေရေးအတွက် ကုသိုလ်ပါဝင်ကြရန် ကိုလည်း ဖိတ်ခေါ်လျက်ရှိသည်။  ထို့အပြင် ဤမဟာပဏီတ ပရ ဟိတအောင်တော်မူစေတီတော်အနီး ရှိ တောင်ကုန်းငယ်တစ်ခုတွင်လည်း အမိကိုယ်စားပြု၊ အဖကိုယ်စားပြု စေတီကို တည်ထားရန် စီစဉ်လျက် ရှိကြောင်း သဒ္ဓါကြည်လင်ပါရမီရှင် အပေါင်းတို့အား ကြိုတင်အသိပေး လိုက်ရပါသည်။

 မြတ်မင်းလှိုင်
မှီငြမ်း

မဟာပဏီတပရဟိတအောင်တော်မူစေတီ တော်သမိုင်းအကျဉ်း ဗီဒီယို

လက်ကမ်း စာစောင်နှင့် ကိုယ်တိုင်ဖူးတွေ့ရသည့်မှတ်တမ်းများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071