Tuesday, June 16, 2026

ပေကျင်းရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆...

CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် ဆိုက်ဘာလုံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက်နေ့လည်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People ၌...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ ဝါဆိုခြင်းအလှခတ်ပွဲတော် စတင်...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ (၉၈)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ယနေ့ (ဇွန် ၁၆)၌ စတင်ကျင်းပသည်။ ဝါဆိုခြင်းအလှခတ်ပွဲတော်၌ မြန်မာနိုင်ငံဒေသအသီးသီးမှ ရိုးရာခြင်းအသင်းပေါင်း ၉၀၀ ပါဝင် ခတ်ကစားကြမည်ဖြစ်ကာ...
HomeMoviesမသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B...

မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs” ပညာသင်ဆုအစီအစဉ် ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်လှစ်

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က “Building Bridges by Breaking Barriers – 5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ပညာသင်ဆုအစီအစဉ်ကို မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် Grade 8 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်တက်ရောက်နေသော မြန်မာနိုင်ငံသား မသန်စွမ်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုအစီအစဉ်အရ Grade 8 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် ကျပ် ၁၈၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ကိုးလစာ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ပြင် တက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးမည်ဖြစ်ပြီး တက္ကသိုလ် အဝေးသင်ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ကျပ် ၆၀၀,၀၀၀ ကို နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“5B PWDs Scholarship Program” ပညာသင်ဆုအတွက် လျှောက်လွှာများကို ဇွန် ၁၆ ရက်မှ ဇူလိုင် ၃ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး လူဦးရေကန့်သတ်ချက်ရှိသဖြင့် အချိန်မီ လျှောက်ထားကြရန်လည်း တိုက်တွန်းထားသည်။

ပညာသင်ဆုအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေကျင်းရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံအားပေး

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံကာ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်...

CMEC စီမံကိန်းများ၊ စွမ်းအင်ကဏ္ဍနှင့် ဆိုက်ဘာလုံ ခြုံရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ NPC ဥက္ကဋ္ဌတို့ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက်နေ့လည်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People ၌ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌက မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲပေါက်ဖော်ချစ် ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်မြှင့်တင်သွားလိုသည်ဟု ပြော သည်။ ထို့အတူ နိုင်ငံတော်သမ္မတကလည်း မန္တလေးငလျင်ဘေးကြုံတွေ့ခဲ့စဉ် တရုတ်နိုင်ငံ၏ အမြန်ဆုံးကူညီထောက်ပံ့မှုများအတွက်ကျေးဇူးတင်ရှိပြီး မြန်မာနှင့် တ ရုတ်လွှတ်တော်များကြား အပြန်အလှန်လေ့လာရေးနှင့် အတွေ့အကြုံဖလှယ်ရေး အစီအစဉ်များကိုတိုးမြှင့်ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် NPC ဥက္ကဋ္ဌတို့က မြန်မာ-တရုတ်နှစ်နိုင်ငံကြား...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တီအန်မန်ရင်ပြင်ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တီအန်မန်ရင်ပြင် (Tiananmen Square) သို့ သွားရောက်ကာ ပြည်သူ့သူရဲကောင်းများ အထိမ်းအမှတ်ဗိမာန် (Monument to the People's Heroes) ၌ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတသည် လွမ်းသူ့ပန်းခွေချပြီးနောက် တရုတ်နိုင်ငံ၏ လွတ်လပ်ရေး၊ တော်လှန်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွင်း အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုအလေးပြုခဲ့ကြောင်း သိရသည်။ ပြည်သူ့သူရဲကောင်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071