Monday, June 8, 2026

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊...

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...
HomeNewsLocal Newsမသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် SAE...

မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် SAE တစ်ဦးနှင့် အရပ်သား တစ်ဦးကို AA ကပြန်လွှတ်ပေး

မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် SAE တစ်ဦးနှင့် အရပ်သား တစ်ဦးကို AA ကပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် အမျိုးသား (၂) ဦးကို လိုအပ်သည့်စစ်ဆေး‌မေးမြန်းမှုများ ပြုလုပ်ပြီး၍ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ (၂၆) ရက် ညပိုင်းတွင် ရခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စက်မှုကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာရှိ SAE ဦးဆန်းလင်းအောင် (၄၅) နှစ်နှင့် ရသေ့တောင်မြိုက ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်ဦးကို ရသေ့တောင်မြို့နယ် ကူတောင်ကျေး ရွာသို့ ရောက်ရှိနေစဉ် မသင်္ကာမှုဖြင့် AA မှ ဇွန်လ (၂၄) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးဆန်းလင်းအောင်သည် ဌာနတာဝန်များ ထမ်းဆောင်ရန် ရသေ့တောင်မြို့သို့ ရောက်ရှိနေသည်မှာ (၆) နှစ်ခန့် ရှိပြီဖြစ်ပြီး တာဝန် ပြီးဆုံး၍ စစ်တွေသို့ ပြန်ရန် သူငယ်ချင်းဖြစ်သူ၏ လမ်းပြကူညီမှုဖြင့် ထွက်ခွာလာစဉ် ကူတောင်ရွာ၌ AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဦးဆန်းလင်းအောင်၏ နိုင်ငံသား စိစစ်ရေးကတ်တွင် အမှတ်(၃၇၃) အမြောက်တပ် လိပ်စာဖြစ်နေပြီး ၊ ရခိုင်စကား ကျွမ်းကျင်စွာ မပြောတတ်သည့်အပေါ် မသင်္ကာ၍ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း ရခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ၎င်းတို့ ခေါ်ယူ စစ်ဆေးနေသည့် ဦးဆန်းလင်းအောင်(၃၈ နှစ်)နှင့် ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈ နှစ်)တို့အား လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် ဆက်နွယ်ခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ကောင်းမွန်စွာ ပြန်လည် လွှတ်ပေးလိုက်ပြီဟုလည်း ယင်းထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့ (၂) ဦးအား (၂၆) ရက်နေ့ ည (၃) နာရီ အချိန်တွင် ရသေ့တောင်မြိုနယ်၊ မူစဲကျွန်း၊ ငလပြားကူး တိုဆိပ်ကမ်းသို့ ကောင်းမွန်စွာ ပြန်လည်ပိုဆောင်‌ေပးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းသည် ရသေ့တောင်မြို့ရှိ နေအိမ်သို့ ပြန် လည်ရောက်ရှိနေပြီ ဖြစ်သလို ဦးဆန်းလင်းအောင် သည်လည်း စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊ လူငယ်တစ်ဦး ဖမ်းဆီးရမိထား

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏ မှန်အချို့ ပျ-က်စီးခဲ့ပြီး ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က မှန်ပါတယ်။ ခဲနဲ့ပစ်တဲ့သူတွေထဲက လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားတာဝန်ရှိသူများက ရထားကို နောက်ပြန်ဆုတ်၍ ပ-စ်ပေါက်သူများအား လိုက်လံရှာဖွေခဲ့ရာ လူငယ်များမှာ ထွက်ပြေးသွားခဲ့ကြပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူအား...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071