Home News Local News မလှိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူ ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ပြီး ဘာသာစုံဂုဏ်ထူးရသူ များပြား

မလှိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူ ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ပြီး ဘာသာစုံဂုဏ်ထူးရသူ များပြား

0
766

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူများအနက် စာမေးပွဲအောင်မြင်သူ ၁၄၂၁ ဦးရှိပြီး ရာနှုန်းပြည့်နီးပါး အောင်မြင်ခဲ့ရာ ဘာသာစုံ ဂုဏ်ထူးရသူများလည်း များပြားကြောင်း ယင်းစာစစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၂၀၆၉ ဦး ရှိသည့်အနက် ၁၆၀၁၈ ဦး အောင်မြင်ခဲ့ခြင်းကြောင့် အောင်ချက် ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို နံနက် ၆ နာရီတွင် စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here