Friday, February 14, 2025

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇...

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ...
HomeInternationalမလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု...

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး တကျော့ပြန် ကြိုးပမ်း

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်သည် အရေးပါသော ကဏ္ဍများအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်း ခိုင်မာစေပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍများစွာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဇန်နဝါရီ ၁၉-၂၀ ရက် ဘယ်ဂျီယံနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထား သည်။

လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ စားအုန်းဆီနှင့် ယင်း၏ ဆက်စပ်ပစ္စည်းများအပြင် အလင်းနှင့် သိပ္ပံဆိုင်ရာ ကိရိယာများကဲ့သို့သော ကဏ္ဍများမှ ပို့ကုန်များကို အီးယူဈေးကွက်နှင့် အခြားဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် အသင့်ရှိနေသည်ဟု ကြေငြာချက်တွင် ဖေါ်ပြ ထားသည်။

ထို့အပြင် MEUFTA သည် အစိမ်းရောင်စွမ်းအင်နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဲ့သို့သော ခေတ်မီနည်းပညာကဏ္ဍများတွင် အီးယူ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြင့်လာစေရန် အထောက်အကူဖြစ်လိမ့်မည်ဟုလည်း ဖော်ပြခဲ့သည်။

မလေးရှားနှင့် အီးယူအတွက် နှစ်ဖက်စလုံးအကျိုးရှိစေသော အခြေအနေကို အာမခံချက်ပေးကာ သက်ဆိုင်သူအားလုံးအတွက် ထင်သာမြင်သာသော အကျိုးခံစားခွင့်များ ပေးဆောင်သည့် မျှတပြည့်စုံသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မလေးရှားအစိုးရက ကတိကဝတ်ပြုထားသည်ဟုလည်း ကြေငြာချက်တွင် ဖေါ်ပြထားသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။ ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။ ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071