မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံး(Embassy of Malaysia, Yangon ) ၏ ပံ့ပိုးမှုဖြင့် Yes2Malaysia မှ ဦးစီးကျင်းပမည့်မလေးရှားပညာရေးပြပွဲကို လာမည့် အောက်တိုဘာ (၁၈) ရက်နှင့် (၁၉)ရက်တို့တွင် ရန်ကုန် PARKROYAL Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မလေးရှား တက္ကသိုလ်များမှ တာဝန်ခံများနှင့် တို-က်ရို-က်ဆက်သွယ်နိုင်ပြီး တိကျမှန်ကန်သော သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေးပြပွဲတွင် လာရောက်ကျောင်းလျှောက်ထားသူများကို Free Student Visa အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကြေးကင်းလွတ်ခွင့်များ ရယူနိုင်ရန်စီစဉ်ထားပြီး ပညာသင်ဆုများနှင့် အခြားငွေကြေးဆိုင်ရာ ပံပိုးမှုများ နှင့်အတူ Bachelor’s၊ Master’s နှင့် Ph.D ပရိုဂရမ်များသို့ တို-က်ရို-က်ဝင်ခွင့်ရနိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲအတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး Yes2Malaysia ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
