Sunday, September 20, 2026

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...
HomeNewsLocal Newsမယ်ဆိုင်နှင့် မယ်ဟုတ်ချောင်းအတွင်း သဲနှုန်းများ...

မယ်ဆိုင်နှင့် မယ်ဟုတ်ချောင်းအတွင်း သဲနှုန်းများ တူးဖော်ရန် သဘောတူညီချက် ရရှိ

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းနှင့် မယ်ဟုတ်ချောင်းအတွင်း သဲနှုန်းတူးဖော်ရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ လုပ်ဆောင်သွားရန် နှစ်ဘက်တာဝန်ရှိသူများ သဘောတူညီချက် ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် တတိယအကြိမ် မြန်မာ-ထိုင်း မယ်ဆိုင်-မယ်ဟောက် ချောင်းရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်အဝေးကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်အဖြစ် စီးဆင်းနေသော မယ်ဆိုင်ချောင်းနှင့် မယ်ဟုတ်ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းကိစ္စရပ် ဖြေရှင်းဆောင်ရွက်ရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရေးကိစ္စနှင့် မယ်ဆိုင်-မယ်ဟောက် ချောင်းရေ ခွဲဝေအသုံးချရေးကိစ္စတို့ကို ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မယ်ဆိုင်-မယ်ဟောက်ချောင်းတွင် ရေကြီးရေလျှံမှု ကြီးမားစွာ ဖြစ်ပွားခဲ့သည့်ကိစ္စမျိုး နောက်ထပ်မဖြစ်ပွားစေရေး အမြန်ဆုံး ဖြေရှင်းရန်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သဲနှုန်းတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် သဘောတူညီချက်ရရှိခဲ့သည်။

ထို့ပြင် နယ်နိမိတ်မျဉ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရေးနှင့် မယ်ဆိုင်-မယ်ဟောက် ချောင်းရေ ခွဲဝေအသုံးချရေးကိစ္စတို့ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နှစ်ဘက်တာဝန်ရှိသူများအကြား သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်

လူငယ်/အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ လေ့ကျင့်ပျိုးထောင်ရေးကိုဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ် ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ "လွန်ခဲ့တဲ့(၅)နှစ်တာကာလမှာ အထိုက်အလျောက်အောင်မြင်ခဲ့တဲ့ ပါတီဝင် ပါတီဝင်သစ်စုဆောင်းရေး အစိမ်းရောင်စီမံချက်ကို ပိုမိုအသေးစိတ်ပြီး ဖိဖိစီးစီး ဆက်လက်ဖော်ဆောင်သွားမှာပါ။ လူငယ်တွေနဲ့ အသစ်စုစည်းရရှိတဲ့ လူငယ်တွေကိုအရည်အချင်း၊ အရည်အသွေးလိုက်ရွေးထုတ်ပြီး နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ မူဝါဒရေးဆွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ Digital Technology ၊...

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071