Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeCelebrities' Newsမယ်စကြာဝဠာမြန်မာ၂ဝ၁ဂ ရဲ့ လူမှုရေးခရီးစဉ်

မယ်စကြာဝဠာမြန်မာ၂ဝ၁ဂ ရဲ့ လူမှုရေးခရီးစဉ်

Miss-

မယ်စကြာဝဠာမြန်မာ ၂ဝ၁၈ အလှမယ်များက သြဂုတ်လ(၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ မြဝတီ၊ ဘားအံ၊ သထုံမြို့ ဆိပ်ကျွန်း ကျေးရွာနှင့် ကျောက်တံခါးမြို့နယ် ကျန့်ချောင်း ကျေးရွာများဆီ သွား ရောက်ပြီးတော့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။

သြဂုတ်လ (၇) ရက်နေ့က ရန်ကုန်ကနေ ဘားအံဆီ စတင်ထွက် ခွာပြီး ကန်သာယာမှာဒေသခံများ မှ ကရင်ဒုံးယိမ်းအကများနဲ့ ကြိုဆို ဧည့်ခံခဲ့ကြပါတယ်။ ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ သွားရောက်တွေ့ဆုံကာဂါရဝပြုခဲ့သလိုတောင်ကလေး ဘုန်းကြီးကျောင်း မှာ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ဆီကိုလည်းသွားရောက်လေ့လာခဲ့ကြ ပါတယ်။

သြဂုတ်လ(၈)ရက်နေ့က မြဝတီမြို့ ဘုရင့်နောင်ဈေးရှေ့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ် တားဆီးရေး၊ မှုခင်းကျဆင်းရေးနှင့် H1N1 ကျန်း မာရေးပညာပေးနှိုး ဆော်ရေး များ အတွက် သက်ဆိုင်ရာအဖွဲ့ အစည်း များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြပါတယ်။ ဒီ့နောက် နေရပ် ပြန်ရွှေ့ပြောင်းလုပ်သား ကြိုဆိုရေး စခန်းမှ ရွှေ့ပြောင်း လုပ်သားများ နဲ့တွေ့ဆုံအားပေး မှုများ ပြုလုပ်ခဲ့ ကြပါတယ်။

ဆက် လက်ပြီးတော့ ထိုင်းနိုင်ငံမဲဆောက်ရှိ မဲတော် ဆေးခန်းမှာလှူဒါန်းမှုများ ပြုလုပ်ခဲ့ ပါတယ်။ သြဂုတ်လ (၉) ရက်နေ့က မြဝတီမှ မြိုင်ကြီးငူအထူး ဒေသသို့ ထွက်ခွာလာကြပြီး တိုက်ပွဲရှောင် ဒေသခံများနဲ့ တွေ့ဆုံကာအား ပေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြ ပါ တယ်။ သြဂုတ်လ (၁ဝ)ရက် နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီစဉ် လမ်းညွှန်မှုနဲ့ H1N1 ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းမှာ ပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ်များမှ ဇွဲကပင်ခန်းမမှာ Talent Show  ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Talent Show မှာလက်မှတ်ရောင်းချရငွေများ နှင့်ကောက်ခံရရှိတဲ့ အလှူငွေ များကို ဘားအံပြည်နယ် ကြက်ခြေနီ အသင်း၊ တောင်တန်း သာသနာ ပြု မိဘမဲ့ ကျောင်း၊ စာကြည့်တိုက်နှင့် အမျိုး သမီးအားကစား ဆပ်ကော်မတီ စသဖြင့်အသီးသီးလှူဒါန်းမှုများပြု လုပ်ခဲ့ကြပါတယ်။

သြဂုတ်လ(၁၁)ရက်နေ့က ဘားအံမြို့ကနေ သထုံဆီ ပြန်လည် ထွက်ခွာ လာကြပြီး ဆိပ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ လှူဒါန်းမှုများပြုလုပ်ခဲ့သလို ဒေသခံ များနှင့် တွေ့ ဆုံကာကျန်းမာရေးအသိ ပညာပေး အစီအစဉ်များ ပြုလုပ်ခြင်း၊ အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ပျော်ရွှင်စွာစုပေါင်းဂိမ်း ကစားခြင်းများ ပြုလုပ်ခဲ့ကြပြီး ရန် ကုန်မြို့ဆီပြန်လည်ထွက်ခွာလာ ခဲ့ ကြပါတယ်။

“လူမှုရေး ခရီးစဉ်မှာတော့ လူမှု ရေး၊ ပညာရေးနဲ့ ပတ်သက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ခရီးစဉ်မှာ အလှမယ်တွေ စည်းကမ်း လိုက်နာမှု၊ ပေါင်းသင်းဆက်ဆံမှု၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမှု၊ စိတ်အားထက်သန်မှုအဲဒါတွေကို ကြည့်ပြီး အမှတ်ပေးသွားမှာပါ” လို့ National Director ဖစ်သူ ဒေါ်စိုး ယုဝေက ပြောပါတယ်။

သြဂုတ်လ (၁၃) ရက်နေ့က ကျောက် တံခါးမြို့နယ် ကျန့်ချောင်း ကျေးရွာရှိ အခြေခံမူလတန်းကျောင်း က သွားရောက်ပြီး အမှတ်တရစု ပေါင်း သစ်ပင်စိုက်ပျိုးခြင်း၊ ကျောင်း သုံးဗလာစာအုပ်နှင့် အလှူပစ္စည်း များလှူဒါန်းခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် ကစားကွင်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း Talent Show လက်မှတ်ရောင်းရငွေနဲ့ စေတနာ ရှင်များမှ လှူဒါန်းငွေကျပ် စုစုပေါင်း ငွေကျပ် ၃၄၆၄၄ဝဝ ရရှိခဲ့ပြီး ၁၃-၈-၂ဝ၁၇ ရက်နေ့အထိလှူဒါန်းပြီး ငွေသားတန်ဖိုး ငွေကျပ် ၃၉၆၆၇ဝဝ နှင့်လှူဒါန်းပစ္စည်းတန်ဖိုးမှာ ငွေကျပ် ၃၈၅၁၅ဝဝ ဖြစ်ကြောင်းသိရပါ တယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071