Friday, April 17, 2026

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်(ပထမည)

ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။ ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ...

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ...

ဦးဝင်းမြင့်နှင့်​တွေ့ဆုံခဲ့သူ ​ဒေါက်တာမျိုးညွန့် ၏ပြောကြားချက်များ

ယနေ့ နှစ်ဆန်းတစ်ရက်တွင်ပြန်လွတ်မြောက်လာသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့်တွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းတဲ့အတွက် ဝမ်းသာရ​ကြောင်း ၄င်းကဆိုသည်။​ဒေါက်တာမျိုးညွန့်အား ​ပေါ်ပြူလာနယူးစ်ကမေးမြန်းထားသည်များကို​ဖော်ပြအပ်ပါသည်။ မေး ။       ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လွှတ်ပေးမယ်လို့ ကြားရပါတယ်။...
HomeMoviesမန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပါဒပူဇနိယပွဲတော်ပိတ်သိမ်း  ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူ(၂)သိန်းဦးကျော်ခဲ့

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပါဒပူဇနိယပွဲတော်ပိတ်သိမ်း  ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူ(၂)သိန်းဦးကျော်ခဲ့

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ဗုဒ္ဓပါဒပူဇနိယပွဲတော်အား ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၈ နာရီခွဲက အခမ်း အနားဖြင့်ပိတ်သိမ်းခဲ့သည်။

မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိ ယဆရာတော်ကြီးများကြွရောက်တော်မူကာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကို၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိ ယဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အ ထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တာဝန် ရှိသူများက ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများကပ်လှူပူဇော်ကာ အောက် ခြေတော်ရာပါဒစေတီတော်အလင်းပေါက်ဖန်အုပ် သျှောင်တော်အား စက်ခလုပ်နှိပ်ပိတ်သိမ်း၍ အထက်စက်တော်ရာ ပါဒစေတီတော်ခြေတော်ရာသံတံခါးအားသော့ခတ်ပိတ်သိမ်းတော်မူခဲ့ကြသည်။

ထိုသို့ ပိတ်သိမ်းပြီးနောက် မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ပါ ဒစေတီတော်နှစ်ဆူ ခြေတော်ရာပိတ်သိမ်းပွဲအောင်မြင်ခြင်းအထိမ်းအမှတ်အလှူတော်မင်္ဂလာကို ဆက်လက်ကျင်းပခဲ့ကြသည်။

မန်းရွှေစက်တော်ရာဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင်တန်ခိုးကြီးဘုရားဖြစ်ပြီး (၂,၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ သင်္ကြန်ရုံး ပိတ်ရက်အပါအဝင် ရက်ပေါင်း(၈၆)ရက်ကြာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဘုရားပွဲတော်ကာလတွင် တည်ခိုးဆောင်အခန်း(၅၁၉)ခန်းနှင့် ဈေးဆိုင်ခန်း (၂၆၅)ဆိုင်ဆောက်လုပ်ခဲ့ရာ အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူး(၂၂၀,၀၀၀)ခန့်လာရောက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု ထုတ်လုပ်ဖြန့်ဖြူး  သည့် အဓိကကွန်ရက်ကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းပေါင်း ၂၄,၉၁၈ ခုကို သိမ်းဆည်းရမိခဲ့သည်။ ချီယာဖွန်ပြည်နယ်၌ အငယ်စား ကုန်သည်တစ်ဦးကို ဖမ်းမိရာမှ စုံစမ်းစစ်ဆေးရေးမှူးများသည် သုံးလကျော်ကာလအတွင်း ကြီးမားကျယ်ပြန့်သော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက် တစ်ခုကို ဖေါ်ထုတ် နိုင်ခဲသည်။ 2026 ခုနှစ် မတ်လ  25 ရက်နေ့တွင်...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်(ပထမည)

ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။ ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က "သိင်္ဂါလောဝါဒ သုတ္တန်" တ ရားခေါင်းစဉ်ဖြင့်ဟောကြားတော်မူပြီးနောက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဓမ္မပူဇာအလှူငွေကျပ်သိန်း(၆၀)နှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု့အစုစုအတွက်ရေစက်သွန်ချအမျှပေးဝေးခဲ့ကြသည်။ ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ဧပြီ ၁၇ ရက်မှ ဧပြီ ၁၉ ရက်အထိကျင်းပမည်ဖြစ်ရာ မနက်ဖြန် ဧပြီ ၁၈ ရက်ညတွင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာ နနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ(အဂ္ဂမ...

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာ‌တော်၊ သံဃာတော်များမှ မေတ္တာသုတ်တရားတော်များကိုရွတ်ဖတ်ပူဇော်တော်မူခဲ့ကြပြီး ကော့ကရိတ်မြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်က တရားဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071