Tuesday, February 18, 2025

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...
HomeInternationalမန်မိုဟန်ဆင်းကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုသဂြိုဟ်မည်

မန်မိုဟန်ဆင်းကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုသဂြိုဟ်မည်

ဒီဇင်ဘာ ၂၆ ရက်က ဒေလီမြို့တွင် ကွယ်လွန်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း(အသက် ၉၂ နှစ်) အတွက် ဇန်နဝါရီ ၁ ရက်နေ့အထိ နိုင်ငံတော်ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ် ခုနစ်ရက်တာသတ်မှတ်ကြောင်း အိန္ဒိယအစိုးရက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ဒေလီ၌ သူ့ကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပသွားမည်ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်လွန်များတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို ဖွင့်ပေးခဲ့ပြီး၊ ငွေပေးချေမှုဆိုင်ရာ အကျပ်အတည်းကို ထိန်းကျောင်းကိုင်တွယ်ပေးခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ အဓိက ပဲ့ကိုင်ပညာရှင်အဖြစ် အသိအမှတ်ပြုကြသည့် ဒေါက်တာဆင်းအတွက် အမှတ်တရဂုဏ်ပြုစကားများ ထွက်ပေါ်ခဲ့သည်။

ဒေါက်တာဆင်းသည် မိမိတို့၏ စီးပွားရေး မူဝါဒ အပေါ် ခိုင်မာသော အကျိုးသက်ရောက်မှုတစ်ခုထားရစ်ခဲ့ပြီး ပြည်သူများ၏ ဘဝတိုးတက်စေရန် ကျယ်ပြန့်စွာကြိုးပမ်းအားထုတ်ခဲ့သည်ဟု အိန္ဒိယ၏ လက်ရှိဝန်ကြီးချုပ် နာရင်ဒြာမိုဒီက X ပေါ်တွင် ပြောဆိုခဲ့သည်။

ဒေါက်တာဆင်း၏ ကွန်ဂရက်ပါတီဝင် အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီက ဒေါက်ဆင်း၏ နိဝါ‌တောစ မင်ဂလာ နှင်ုပြည့်စုံမှု၊ စီးပွားရေးတွင် နက်နဲသော သိမြင်နားလည်မှုတို့သည် နိုင်ငံတော်ကို စေ့ဆော်ပေးခဲ့သည်ဟု ဂုဏ်ပြုပြောဆိုခဲ့ပြီး သူ့အနေဖြင့် နည်းပြတစ်ဦး၊ လမ်းပြတစ်ဦး ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းလည်း X ပေါ်တွင် ပြောဆိုခဲ့သည်။

သူ၏ မိခင်ဖြစ်သူ ကွန်ဂရက်ပါတီဥက္ကဌဟောင်း၊ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် မစ္စဆိုနီယာဂန္ဒီကလည်း ဒေါက်တာဆင်း ကွယ်လွန်မှုသည် ကြီးမားသော ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုဖြစ်ကြောင်းနှင့် သူသည် မိတ်ဆွေ၊ အတွေးခေါ်ပညာရှင်နှင့် လမ်းပြသူတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် သူသည် နူးညံ့သိမ်မွေ့သူဖြစ်သော်လည်း သူအလေးအနက် ကိုင်စွဲသော ခံယူချက်နှင့်ပတ်သက်၍မူ အလွန်ပြတ်သားသူဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် သူက ထည့်သွင်းပြောကြားခဲ့သည်။

ဒေါက်တာဆင်းသည် ဒီဇင်ဘာ ၂၆ ရက်က နေအိမ်တွင် သတိလစ်သွားခဲ့ပြီးနောက် ဒေလီဆေးရုံသို့ တင်ပေးခဲ့ရသည်။ သူသည် ဇနီးဖြစ်သူ သမိုင်းပညာရှင် မစ္စ Gursharan Kaur နှင့် သမီးသုံးဦးတို့ကို ထားရစ်ခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။ မုံရွာမြို့၏ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်စာအုပ်အငှားဆိုင်များရှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071