မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယခင်က သတ်မှတ်ဈေး လူကြီး ၁၂,၀၀ဝ ကျပ်မှ ၂၄,၀၀၀ ကျပ်၊ ကလေး ကျပ် ၆,၀၀၀ မှ ၁၂,၀၀၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံမည်လည်း ဖြစ်သည်။
မန္တလေးမြို့တွင် တောင်အင်းမြောက်အင်းသုသာန်နှင့် ဧရိပ်ငြိမ် (ကြာနီကန်) သုသာန်နှစ်ခုရှိကာ ယင်းနှစ်ခုစလုံး၌ တိုးမြှင့်ကောက်ခံသွားမည်လည်း ဖြစ်သည်။