Saturday, May 23, 2026

ထိုင်းဝန်ကြီးချုပ် ပြင်သစ်ကို ရောက်ရှိ

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် သောကြာနေ့နံနက်တွင် ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး စွမ်းအင်ဖူလုံရေး မြှင့်တင်ရန်၊ ကမ္ဘာ့ဇာတ်ခုံတွင် ထိုင်းယဉ်ကျေးမှု ပါဝင်မှုကို မြှင့်တင်ရန်နှင့်...

အရှေ့တောင်အာရှနှင့် ချိတ်ဆက်မည့် တရုတ်၏ တူးမြောင်းသစ်...

တရုတ်နိုင်ငံ၏ အထင်ကရ ပင်ဂလူးတူးမြောင်းသည် တည်ဆောက်ရေးလုပ်ငန်းပိုင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာလအစောပိုင်းတွင် စမ်းသပ်ခုတ်မောင်းမှုများ စတင်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံ၏ အဓိကဒေသများနှင့် လွတ်လပ်စွာကုန်သွယ်မှုဆိပ်ကမ်း ဟိုင်နန်ကို...

ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ဒေါ်လာ...

ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၉၂၆,၈၇၅ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ မေ ၂၂...

လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots...

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့၏ လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots Football Day 2026 ကို ယနေ့ မေ ၂၃...
HomeNewsLocal Newsမန္တလေးမြို့ပတ် RBE ရထား...

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေးမြို့ပတ် RBE ရထား ပြန်လည်ပြေးဆွဲ

မန္တလေး-သူရဲဈေး ရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို မတ်လ ၂၅ရက်ကစပြီး ပြန်လည်ပြုလုပ်နေပြီဖြစ်သည်။

မြို့ပါတ်ရထားပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ နေ့လယ် ၂ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ကာ အသွား/အပြန် ပြေးဆွဲပေးသွားမည်ဟုသိရသည်။ ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားရန်လည်းရှိကာ စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ် နှုန်းဖြင့် အသွား/အပြန် ၄၀၀ကျပ်နှုန်း သတ်မှတ်ထားသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

မန္တလေးမြို့ပတ်ရထား (မန္တလေး-သရဲဈေး) ခရီးစဉ်ပြေးဆွဲခြင်းကို ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ယာယီရပ်နားထားပြီး ယခုလိုအပ်ချက်ကြောင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောပြသည်။

မန္တလေးမြို့၏ တိုးတက်များပြားလာသောလူဦးရေနှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာခြင်းထက် မြို့ပတ်ရထားဖြင့်ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများမန္တလေးမြို့အတွင်း အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ဆိုထားသည်။

Zaw Gyi






Ads Space Available


Continue reading

ထိုင်းဝန်ကြီးချုပ် ပြင်သစ်ကို ရောက်ရှိ

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် သောကြာနေ့နံနက်တွင် ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး စွမ်းအင်ဖူလုံရေး မြှင့်တင်ရန်၊ ကမ္ဘာ့ဇာတ်ခုံတွင် ထိုင်းယဉ်ကျေးမှု ပါဝင်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေးဆက်ဆံမှု ခိုင်မာစေရန် ရည်ရွယ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ရး၅၅ နာရီတွင် ပါရီရှိ အော်လီလေဆိပ်သို့ ရောက်ရှိခဲ့သည်။ကိုယ်စားလှယ်အဖွဲ့တွင်၊ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် ဝန်ကြီးချုပ်၏ အတွင်းဝန်ချုပ်တို့ ပါဝင်ကြောင်း သိရသည်။မစ္စတာ အနူတင်သည် သောကြာနေ့တွင် ၎င်း၏...

အရှေ့တောင်အာရှနှင့် ချိတ်ဆက်မည့် တရုတ်၏ တူးမြောင်းသစ် မကြာမီ ဖွင့်မည်

တရုတ်နိုင်ငံ၏ အထင်ကရ ပင်ဂလူးတူးမြောင်းသည် တည်ဆောက်ရေးလုပ်ငန်းပိုင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စက်တင်ဘာလအစောပိုင်းတွင် စမ်းသပ်ခုတ်မောင်းမှုများ စတင်နိုင်တော့မည်ဖြစ်ပြီး နိုင်ငံ၏ အဓိကဒေသများနှင့် လွတ်လပ်စွာကုန်သွယ်မှုဆိပ်ကမ်း ဟိုင်နန်ကို ချိတ်ဆက်ပေးသည့် ပထမဆုံး သင်္ဘောလမ်းကြောင်းဖြင့် စတင်တော့မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ ရာစုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်အကြီးမားဆုံး ရေလမ်းစီမံကိန်းဖြစ်သော ပင်ဂလူးတူးမြောင်းသည် တောင်ပိုင်းကွမ်ရှီးပြည်နယ်၏ မြို့တော်နန်နင်းမှ တရုတ်နိုင်ငံတွင် ဘေဘူပင်လယ်ကွေ့ဟု လူသိများသော တုံကင်ပင်လယ်ကွေ့အထိ ၈၃ မိုင် ရှည်လျားမည်ဖြစ်သည်။      ရည်ရွယ်ချက်သည် တရုတ်နိုင်ငံ၏ ကြွယ်ဝမှုနည်းပါးသော ကုန်းတွင်းဒေသများကို ကမ္ဘာ့ပင်လယ်လမ်းကြောင်းများသို့ ပိုမိုမြန်ဆန်လွယ်ကူစွာ ဝင်ရောက်နိုင်စေရန်၊...

ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ဒေါ်လာ ၁.၉ သန်းကျော် ရောင်းချပေး

ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၉၂၆,၈၇၅ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်က ပြုလုပ်သည့် FX Trading တွင် နိုင်ငံခြားငွေဝယ်ယူရရှိမှုအနေဖြင့် စက်သုံးဆီကဏ္ဍမှ ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူရရှိခဲ့ပြီး စားသုံးဆီကဏ္ဍမှ ၁၃ ရာခိုင်နှုန်း၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၁၃ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများကဏ္ဍမှ ၈ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071