မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာ ၆ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှု(၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ၆၂ A လမ်းနှင့် ၆၃ လမ်းကြား၊၁၀၂x၁၀၃ လမ်းကြားတွင် ယနေ့ အောက်တိုဘာ ၆ ရက်ည ၈ နာရီက မီးလောင်မှုဖြစ်ပွား၍ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးထိန်းနိုင်ခြင်းမရှိသဖြင့် ည ၈ နာရီခွဲကျော်ခန့်၌ Level 2 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ည ၈ နာရီ ၅၈ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး အလုံး စုံမီးငြိမ်းနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ဆက် လက်ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၁၈ မိနစ်တွင် မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ည ၇ နာရီခွဲကျော်ခန့်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁x ၁၃၂x ၅၉(C)လမ်းတွင် မီးလောင်မှုဖြစ် ပွား၍ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၆ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Photoz-MFSD , Ko Than Htay
