မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ CowBoy Music Bar တွင် ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းက မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာအပါအဝင် ဝန်ထမ်းအမျိုးသမီးလေးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နံနက် (၉) နာရီ (၄၈) မိနစ်အချိန်တွင် မီးစတင်လေ-ာင်ကျွမ်းခဲ့ပြီး ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး (၁၀)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ကာ (၁၀) နာရီ(၈)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ငလျင်တုန်းက ထိခဲ့လို့ ပိတ်ထားတဲ့ဆိုင်၊ အခုမှ ပြန်ဖွင့်ဖို့ ပြင်နေကြတာ၊ ကလေးတွေနဲ့ကလည်း ကိုယ်ကမျက်မှန်းတန်းနေတာ၊ စိတ်မကောင်းဘူး၊ မီးခိုးငွေ့ကြောင့် ပါသွားကြတာဖြစ်မယ်” ဟု မီးလောင်ပြင်တွင် သွားရောက်ကူညီခဲ့သည့် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ မီးလေ-ာင်မှုကြောင့် ဆိုင်မန်နေဂျာ အပါအဝင်ဝန် ထမ်းအမျိုးသမီး (၄)ဦး အသက်ဆုံးရှုံးခဲ့ကြောင်းသိရပြီး မီးလေ-ာင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – Than Htay
